ပရီးမီးယားလိဂ်ဖလားကို ဘယ်အသင်းရယူနိုင်မလဲဆိုတာ ဘက်မလိုက်တမ်း သုံးသပ်သွားတဲ့ ရွန်းနီ

Posted on - Oct 9 []

Gunner Ksr

စာရေးသူ

လီဗာပူးဟာ နှစ်ပေါင်းများစွာ သင့်နေတဲ့ ပရီးမီးယားလိဂ်ကျိန်စာဆိုးကို ဒီနှစ်မှာ ချိုးဖျက်နိုင်တော့မှာလား။ ဒါက စိတ်ဝင်စားစရာအကောင်းဆုံးမေးခွန်းပဲ ဖြစ်ပါတယ်။ လီဗာပူးဟာ ၁၉၉၀ ခုနှစ်ကစပြီး ပရီးမီးယားလိဂ်လို့ အမည်ပြောင်းလဲပြီးနောက်ပိုင်းမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို လုံးဝရယူနိုင်တော့ခြင်းမရှိတော့ပါဘူး။ အိုဝင်၊ ဂျရတ်၊ တောရက်စ်၊ ဆွာရက်ဇ် စတဲ့ကစားသမားတွေ ခေတ်အဆက်ဆက်မှာလည်း သူတို့ရဲ့နှစ်ချို့အိပ်မက်တွေကို အကောင်အထည်မဖော်နိုင်ခဲ့ဘူး။

ဒါပေမဲ့ ဂျာဂင်ကလော့ရောက်ရှိလာပြီးနောက်မှာတော့ လီဗာပူးဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ဖို့ ပိုမိုလင်းအားကောင်းလာခဲ့တာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ရာသီမှာလည်း(၉၇) မှတ်အထိစုဆောင်းနိုင်ခဲ့ပေမယ့် ရင်နာဖွယ်လက်လွှတ်ခဲ့ရတယ်။

ဒီနှစ်မှာတော့ လီဗာပူးရဲ့ အခြေအနေဟာ တော်တော်လေး ကောင်းမွန်လာတာကို တွေ့ရပါတယ်။ လက်ရှိပရီးမီးယားလိဂ်(၈) ပွဲကစားပြီးချိန်မှာ လီဗာပူးဟာ ရာနှုန်းပြည့်အနိုင်ရရှိထားပြီး ဒုတိယနေရာကအဓိကပြိုင်ဘက် မန်စီးတီးကို (၈) မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပါတယ်။

ဒါကြောင့် ဒီရာသီမှာတော့ လီဗာပူးတို့ နှစ်ပေါင်း (၃၀) ကျော်ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကို ရယူနိုင်တော့မယ်လို့ အားလုံးကထင်ကြေးပေးထားခဲ့တာ ဖြစ်ပါတယ်။ မန်ယူဂန္ထ၀င်ကစားသမားဟောင်း ရွန်းနီကလည်း ပရီးမီးယားလိဂ်ဖလားကို လီဗာပူးအသင်းကပဲ ရယူဖို့ ပိုမိုအခြေအနေကောင်းတယ်လို့ ဆိုခဲ့ပါတယ်။

"လီဗာပူးဟာ ပြီးခဲ့တဲ့ရာသီကထက် ပိုမိုတိုးတက်လာခဲ့ပါတယ်။ မန်စီးတီးကတော့ တိုးတက်လာတာ သိပ်မတွေ့ရလို့ ဒီရာသီမှာတော့ လီဗာပူးပဲ ရရှိသွားမယ်လို့ ကျွန်တော်ထင်ပါတယ်"လို့ ၀ိန်းရွန်းနီက ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

Ref: All Football

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။