လိပ်ပြာလေးလို လှရက်လွန်းနေတဲ့ ပန်းရောင်ခြယ်ရဲ့ပွဲတက်ပုံရိပ်တွေ

Posted on - Oct 9 []

Myint Myat

စာရေးသူ

ပရိသတ်တွေ အရမ်းချစ်ကြတဲ့ အဆိုတော်ကြီး ဂရေဟမ်ရဲ့ သမီးချောလေး ပန်းရောင်ခြယ်ကတော့ အများနဲ့မတူတဲ့ ဆံနွယ်​ရှည်​ကြီး​တွေကို ပိုင်​ဆိုင်​ထားပြီး ကျက်​သ​ရေရှိတဲ့ မဟာဆန်​ဆန်​အလှတရားကို ပိုင်​ဆိုင်​ထားတာပဲ ဖြစ်​ပါတယ်​။ လတ်​တ​လောမှာ​တော့ ပန်း​ရောင်​လေးက "လိပ်ပြာ" Season 1 - အမှန်တရားရဲ့ ဓါးတစ်လက် premiere screening event ကို အရုပ်​မ​လေးလို ချစ်​စရာ​ကောင်းတဲ့ ပွဲတက်​ဝတ်​စုံ​လေးနဲ့ အလှဆုံး တက်​ရောက်​ခဲ့တာပါ။ ဆံပင်​လေး​တွေကို ကဗျာဆန်​ဆန်​လေး ထုံးဖွဲ့ပြီး လှချင်​တိုင်းလှ​နေတဲ့ ပန်း​ရောင်​ရဲ့ပုံရိပ်​လေး​တွေက အရမ်းကို ချစ်​ဖို့​ကောင်း​နေတာပါ​နော်​။

မိုမို​လေးချစ်​ပရိသတ်​တွေအတွက် ​ရင်​ခုန်​စရာ​ကောင်း​လောက်​အောင်​လှရက်​လွန်းတဲ့ အလှပိုင်​ရှင်​လေး ပန်း​ရောင်​ခြယ်​ရဲ့ပုံရိပ်​လေး​တွေကို​ဖော်​ပြ​ပေးလိုက်​ပါတယ်​နော်​။

ပန်းရောင်လေးကတော့ ""လိပ်ပြာ" Season 1 - အမှန်တရားရဲ့ ဓါးတစ်လက် premiere screening event 🦋 ​အောက်တိုဘာ ၁၇ က စပြီး အပတ်စဉ် ကြာသပ​တေး​နေ့ ည ၈ နာရီ CANAL+ Zat Lenn channel မှာ ​စောင့်ကြည့်လို့ရပါတယ် 🦋" ဆိုပြီး သူမရဲ့ ပွဲတက်အလှပုံရိပ်တွေကို ဝေမျှပေးထားတာပါ။

ပန်းရောင်ခြယ်ကတော့ ဖခင်နဲ့တူလို့ အဆိုဝါသနာပါသူတစ်ဉီးဖြစ်ပြီး သရုပ်ဆောင်ပိုင်းမှာလည်း ပါရမီပါသူတစ်ဉီးပါ။

သမီးကို အစစအရာရာ အားဖြည့်ပေးတဲ့ အဖေဖြစ်သူ ဂရေဟမ်

ပန်း​ရောင်​ခြယ်​က​တော့ လတ်​တ​လောမှာ သီချင်း​တွေဆက်​တိုက်​ပြုလုပ်​ဖြစ်​နေပြီး ဇာတ်ကားတွေလည်း ရိုက်ကူးဖြစ်နေတာပါ။ မိုမို​လေးချစ်​ပရိသတ်​တွေလည်း အရုပ်​မ​လေးလို လှတဲ့ ပန်း​ရောင်​လေးကိုချစ်​ရင်​share သွားကြဖို့ မ​မေ့ပါနဲ့​နော်​။

Myint Myat
Source:Pann Yaung Chel's Facebook
Photo:Phonn Photography

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။