့ဒိုင်ဘာလားရင်ထဲက ဂျာစီအလဲလှယ်ချင်ဆုံး တစ်ဦးတည်းသော ကစားသမား

Posted on - Oct 9 []

Gunner Ksr

စာရေးသူ

ဂျူဗင်တပ်အသင်းရဲ့အာဂျင်တီးနားကြယ်ပွင့်ဒိုင်ဘာလားတစ်ယောက် စိတ်ကူးယဉ်ပြီး အိပ်မက်ခဲ့တဲ့ဂျာစီတစ်ထည်ရှိပါတယ်။ အဲဒီကစားသမားဟာ ဒိုင်ဘာလားရဲ့ Idol တစ်ယောက်ဖြစ်ပြီး ဒိုင်ဘာလားအလိုချင်ဆုံး၊ တစ်နည်းပြောရရင် အလဲလှယ်ချင်ဆုံးဂျာစီပဲဖြစ်ပါတယ်။ သူက အကောင်းဆုံးတွေအဖြစ် သတ်မှတ်ထားတဲ့ ဂျူဗင်တပ်အသင်းဖော်စီရော်နယ်ဒိုမဟုတ်သလို အာဂျင်တီးနားအသင်းဖော်လီယွန်နယ်မက်ဆီလည်း မဟုတ်ပါဘူး။

ဒိုင်ဘာလားအလိုချင်ဆုံးဂျာစီကတော့ ဘရာဇီးဂန္ထ၀င်ဟောင်း ရော်နယ်ဒင်ဟိုရဲ့ဂျာစီပဲ ဖြစ်ပါတယ်။ "ရော်နယ်ဒင်ဟိုရဲ့ဂျာစီကို ကျွန်တော်အလိုချင်ဆုံးပါ"လို့ တစ်ခါက အင်တာဗျူးတစ်ခုမှာ ဒိုင်ဘာလားဖွင့်ဟခဲ့ဖူးပါတယ်။နောက်ဆုံးမှာတော့ ဒိုင်ဘာလားရဲ့အိပ်မက်တွေ လက်တွေ့ဖြစ်လာခဲ့ပါတယ်။

"တစ်နေ့မှာ ဂတ်တူဆိုက ရော်နယ်ဒင်ဟိုကို ခေါ်ပေးမယ်ဆိုပြီးတော့ ကတိပေးခဲ့တယ်။ သူ့ရဲ့ဂျာစီကို ကျွန်တော့်အတွက် တောင်းပေးမယ်လို့ ပြောခဲ့တယ်။ သူက ရော်နယ်ဒင်ဟိုနဲ့ တွဲကစားခဲ့တာလေ"ဆိုပြီး ဒိုင်ဘာလားက ဆက်ပြောပါတယ်။

ဂတ်တူဆိုနဲ့ ရော်နယ်ဒင်ဟိုတို့ဟာ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ အေစီမီလန်အသင်းမှာ အတူတွဲကစားခဲ့သူတွေပါ။ ဒိုင်ဘာလားအပေါ် ရော်နယ်ဒင်ဟိုရဲ့လွှမ်းမိုးမှုကလည်းကြီးမားပါတယ်။ ရော်နယ်ဒင်ဟိုနဲ့ ပတ်သက်ပြီး သူ့ရဲ့ခံယူချက်ကိုလည်း ဒိုင်ဘာလားက အခုလို ဖွင့်ဟသွားခဲ့ပါတယ်။

"ရော်နယ်ဒင်ဟိုက ကျွန်တော်အကြိုက်ဆုံးကစားသမားတွေထဲက တစ်ယောက်ပါ။ နောက်ပြီး သူကကျွန်တော့်ကို အများကြီးသင်ကြားပေးတယ်"လို့ ဒိုင်ဘာလားက ဆိုခဲ့ပါတယ်။ ဒိုင်ဘာလားက ကွင်းထဲမှာရှိရင်တောင် သူ့ကိုယ်သူရော်နယ်ဒင်ဟိုလို့ ခံယူထားတဲ့သူလို့လည်း ဆိုခဲ့ပါတယ်။

Ref: Oh My Goal

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။