လီဗာပူးရဲ့လက်ရှိပုံစံကောင်းကို လုံးဝမမြင်တွေ့လိုတဲ့ ဂယ်ရီနဗီးလ်ရဲ့ပြင်းထန်တဲ့စိတ်ဓာတ်

Posted on - Oct 9 []

Gunner Ksr

စာရေးသူ

မန်ယူဂန္ထ၀င်ကစားသမားဟောင်းကြီး ဂယ်ရီနဗီးလ်ကတော့ သူ့ရဲ့ခံစားချက်ကို ရိုးရိုးလေးပဲ ဖွင့်ဟသွားခဲ့တာဖြစ်ပါတယ်။ ဂယ်ရီနဗီးလ်ဟာ မန်ယူအသင်းမှာ နှစ်ပေါင်းများစွာ ကစားပြီး အောင်မြင်မှုများစွာ ရယူနိုင်ခဲ့တဲ့ ဖာဂူဆန်လက်ထွက် သရဲနီစိတ်ဓာတ်စစ်စစ်ရှိသူတစ်ယောက်ပါ။ ဒါကြောင့် ဂယ်ရီနဗီးလ်ရဲ့ရင်ထဲမှာ လက်ရှိမန်ယူအသင်းရဲ့ ပုံစံတွေနဲ့ပတ်သက်ပြီး အားမလိုအားမရမှုတွေ၊ ဒေါသထွက်ချင်စရာများစွာ ရှိနေမှာက သေချာပါတယ်။

ဒါတင်မကသေးပါဘူး။ မန်ယူအသင်းက အခုလိုကျဆင်းနေတဲ့အချိန်မှာ မန်ယူရဲ့အခါးသီးဆုံးပြိုင်ဘက်တွေက အမြင့်ဆုံးအခြေအနေကို ရောက်ရှိနေတာကလည်း သူ့အတွက် ပိုပြီးမခံချိ၊ မခံချင်စရာကိစ္စပဲ ဖြစ်ပါတယ်။

အထူးသဖြင့် အင်္ဂလန်ရဲ့ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးအဖြစ် အင်္ဂလန်ဒါဘီအဖြစ် သတ်မှတ်ခံထားရတဲ့ အခါးသီးဆုံးပြိုင်ဘက် လီဗာပူးအသင်းအနေနဲ့ လက်ရှိမှာ အကောင်းမွန်ဆုံးပုံစံကို ပြသနေတာက ဂယ်ရီနဗီးလ်ကို နာကျင်ခံစားရစေပါတယ်။

"လီဗာပူးဟာ သူတို့ရဲ့တိုက်စစ်မှူး (၃) ယောက်အတွက် ပေါင်သန်း (၃၀) ကျော်စီ သုံးခဲ့တယ်။ သူတို့ဟာ စစတုန်းက အရမ်းကြီးမကောင်းခဲ့ပေမယ့် အခုအချိန်တော့ စုစည်းမှုရှိပြီး အရမ်းကို အားကောင်းနေပါပြီ။ သူတို့ဟာ လက်ရှိအချိန်မှာ တကယ့်ကိုကောင်းမွန်တဲ့အသင်းဖြစ်နေပြီ။

ပုဂ္ဂိုလ်ရေးပြောရမယ်ဆိုရင် ဒါဟာကျွန်တော့်ကို အရမ်းနာကျင်ခံစားရစေပါတယ်"လို့ ဂယ်ရီနဗီးလ်က ရင်ဖွင့်သွားခဲ့တာပါ။ ဒါကြောင့် သူ့ရဲ့ပြောစကားတွေအရဆိုရင် ဂယ်ရီနဗီးလ်အနေနဲ့ လုံးဝကိုရင်ထဲမှာ နာကျင်ခံစားနေရပြီး လီဗာပူးတို့ပုံစံကောင်းပြသမှာကို လုံးဝမြင်တွေ့လိုစိတ်မရှိဘူးလို့ပဲ ဆိုရမှာပါ။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။