ခရုအရှင်တွေကို အစိမ်းလိုက် အားပါးတရစားပြခဲ့တဲ့ ကိုရီးယား YouTuber မလေး

Posted on - Oct 9 []

Mia Zin

စာရေးသူ

ကိုရီးယား YouTuber မလေးတစ်ယောက်ဟာ မြေခရုအရှင်တွေကို အစိမ်းလိုက်အားပါးတရစားပြထားတဲ့ ဗီဒီယိုဖိုင်နဲ့ ပတ်သတ်ပြီး လတ်တလောမှာ အွန်လိုင်းအသုံးပြုသူ ပရိသတ်တွေရဲ့ဝေဖန်မှုတွေကို ပြင်းထန်စွာရရှိနေတယ်လို့ သိရပါတယ်။ သူမရဲ့ အလုပ်က ကင်မရာအရှေ့မှာ အစားအစာတွေကို အားပါတရစားပြရတဲ့အလုပ်ဖြစ်တာမို့လို့ အခုလိုမျိုး စားသုံးပြတာက သိပ်တော့မထူးဆန်းဘူးဆိုပေမယ့်လည်း သူမရဲ့လုပ်ရပ်ပုံစံက စာနာသနားစိတ်အလျဉ်းမရှိတာကြောင့် ဝေဖန်အပြစ်တင်မှုတွေကို ရရှိခဲ့တာ ဖြစ်ပါတယ်။

သူမဟာ အဆိုပါခရုအရှင်တွေကို မစားပြခင်မှာ အိပ်ပျော်နေတဲ့ ခရုတွေကို နှိုးတဲ့အနေနဲ့ ရေတွေနဲ့ အရင်ဖြန်းလိုက်တာဖြစ်ပြီး အဲဒီနောက်မှာတော့ ရုတ်တရက်ဆိုသလို ခရုတစ်ကောင်ကို ခက်ရင်းနဲ့ထိုးကာ စားသောက်ပြပါတော့တယ်။

မစားခင်အချိန်အတွင်းမှာလည်း အဆိုပါခရုတွေကို ထိကိုင်ပြီး ဟာသတွေပြောနေပုံက သူတစ်ပါးရဲ့ အသက်ဆုံးရှုံးခါနီးအချိန်မှာ လှောင်ပြောင်တဲ့ပုံစံမျိုးဖြစ်နေတယ်လို့ အွန်လိုင်းအသုံးပြုသူတွေက သူမရဲ့ လုပ်ရပ်နဲ့ ပတ်သတ်ပြီး ဝေဖန်ထားကြတာကို တွေ့ရပါတယ်။

တကယ်တော့ အဆိုပါ YouTuber အနေနဲ့ အွန်လိုင်းအသုံးပြုသူ ပရိသတ်တွေဆီကနေ ဝေဖန်အပြစ်တင်မှုတွေကို ရရှိခဲ့တာ ဒါ ပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။ အရင်တုန်းကလည်း အသည်းအစိမ်း၊ ရေဘ၀ဲအရှင်လတ်လတ်နဲ့ ၀က်ဦးနှောက်အစိမ်းတွေကို စားပြခဲ့တာပတ်သတ်ပြီး လူအများရဲ့ အပြစ်တင်ဝေဖန်မှုတွေကို ရရှိခဲ့ဖူးတာ ဖြစ်ပါတယ်။

ခရုအရှင်တွေကို အစိမ်းလိုက် အားပါးတရစားပြခဲ့တဲ့ ကိုရီးယား YouTuber မလေး

ဒီလိုမျိုး သနားကြင်နာမှု အနည်းငယ်မျှမရှိပဲ စားပြတာဟာ အများရဲ့အမြင်မှာ မသင့်တော်ဘူးဆိုတာကို သူတို့တွေအနေနဲ့ မစဉ်းစားမိ၊ မတွေးမိဘူးလားလို့လည်း ဆိုကာဝေဖန်ပြောဆိုထားကြကာ လူစင်စစ်တွေရော ဟုတ်ရဲ့လားလို့ဆိုပြီး မေးခွန်းထုတ်ထားကြတာကို တွေ့ရပါတယ်။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။