ဘာစီလိုနာမှာ လုံးဝမနေချင်တော့လောက်အောင် ထွက်ခွာချင်ခဲ့ဖူးတဲ့အချိန်ကို ဖွင့်ဟလိုက်တဲ့ မက်ဆီ

Posted on - Oct 10 []

Gunner Ksr

စာရေးသူ

ဘာစီလိုနာနဲ့ မက်ဆီဆိုတာ လုံးဝခွဲခြားလို့မရဘဲ တစ်သွေးတည်း၊ တစ်သားတည်းဖြစ်နေတာမျိုးပါ။ မက်ဆီမရှိရင် ဘာစီလိုနာဟာ အောင်မြင်မှုတွေ ရယူနိုင်ဖို့မလွယ်သလို ဘာစီလိုနာမရှိရင်ဘဲ ဒီနေ့လိုမက်ဆီဖြစ်လာမျိုး အလွန်ခက်ခဲပါလိမ့်မယ်။ ဒါကြောင့် မက်ဆီဟာ ဘာစီိလိုနာအသင်းကို အသက် (၁၄) နှစ်အရွယ်ကတည်းက မွေးရပ်မြေကို စွန့်ခွာကာ ဘာစီလိုနာအသင်းကို ရောက်ရှိနေသူဖြစ်ပါတယ်။

ဒါကြောင့် မက်ဆီရဲ့ရင်ထဲမှာ ကတ်သလန်သွေးကအပြည့်စီးဆင်းနေပြီး သူကိုယ်တိုင်ကလည်း ကတ်သလန်သားဖြစ်နေပါပြီ။ ပြောရရင် မွေးရပ်မြေအာဂျင်တီးနားထက်တောင် ကတ်သလန်ရင်ခွင်က မက်ဆီအတွက်ပိုပြီးနွေးထွေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီလိုမျိုး အနွေးထွေးဆုံးရင်ခွင်မှာ ခိုလှုံနေရတာတောင် မက်ဆီရဲ့စိတ်ထဲမှာ ဘာစီလိုနာကနေ ပြေးထွက်သွားချင်တဲ့စိတ်မျိုးတွေ ဖြစ်ပေါ်ခဲ့တယ်။ ကတ်သလန်ဒေသကို သူစိမ်းဆန်စွာ စွန့်ခွာသွားချင်တဲ့အခိုက်အတန့်မျိုးတွေ ရှိခဲ့တယ်ဆိုတာ နည်းနည်းတော့ ထူးခြားချင်စရာကောင်းတဲ့ကိစ္စပါပဲ။

အခွန်ရှောင်လွဲမှုကိစ္စတွေကြောင့် တရားရင်ဆိုင်ရတဲ့အခိုက်အတန့်မှာ လုံးဝပင်ပန်းလွန်းပြီး စပိန်ကနေ ထွက်ပြေးချင်စိတ်ပေါက်မိတယ်လို့ မက်ဆီက ၀န်ခံသွားခဲ့တာပါ။ "အဲဒီအချိန်တုန်းက တကယ့်ကို ထွက်ပြေးသွားချင်ခဲ့တယ်။ ဘာစီလိုနာက နေ မထွက်ခွာလိုပေမယ့် စပိန်ကနေ ထွက်ပြေးသွားချင်ခဲ့တယ်။

ကျွန်တော့်အနေနဲ့ အရမ်းကိုညှဉ်းဆဲခံရတယ်လို့ ခံစားမိလာတယ်။ ဒီမှာ လုံးဝမနေချင်တော့တဲ့အထိပဲ။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ ဘာစီလိုနာကနေ ထွက်ခွာမယ်လို့ ဘယ်တော့မှ ထုတ်မပြောခဲ့ဖူးပါဘူး။ ကျွန်တော့်ရဲ့ဆန္ဒက ဘာစီလိုနာမှာပဲ နေဖိုပဆိုတာ အားလုံးသိတယ်လေ"လို့ မက်ဆီက ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။