ချစ်စရာကောင်းပြီး ချွဲနွဲ့တဲ့ပုံစံမျိုးတွေလုပ်ပြရမှာကို သေမတတ်ကြောက်ရွံ့ကြတဲ့ K-pop Idol များ

Posted on - Dec 2 []

Mia Zin

စာရေးသူ

Kpop လောကမှာ Idol တွေတိုင်းနီးပါးဟာ ဖျော်ဖြေတင်ဆက်မှုအနေနဲ့ Aegyo လို့ခေါ်တဲ့ ချစ်စရာကောင်းပြီး ချွဲနွဲ့တဲ့ပုံစံမျိုးနဲ့ ပရိသတ်တွေကို ရံဖန်ရံခါဆိုသလို လုပ်ပြကြရပါတယ်။ ဒီလိုမျိုး လုပ်ပြရတဲ့အခါမှာ Idol တွေ အများစုအတွက် လွယ်ကူပြီး မပင်ပန်းဘူးဆိုသော်ငြားလည်း တချို့သော Idol တွေအတွက်ကတော့ အလွန်တရာက်ခဲလွန်းတဲ့အရာတွေ လုပ်ဆောင်ရသလိုမျိုး အပမ်းကြီးနေတာမျိုးတွေ ရှိပါတယ်။ ဒါကြောင့် ဒီလိုမျိုး Idol တွေ Aegyo လုပ်ပြတဲ့အခါမျိုးတွေမှာ တခြား Idol တွေနဲ့မတူပဲ အရမ်းကိုဟာသမြောက်ပြီး ရယ်စရာကောင်းနေတာကို တွေ့ရပါတယ်။ ဒီလိုဆိုရင် Aegyo လုပ်ပြရတာကို သေမတတ်ကြောက်ရွံ့လွန်းကြတဲ့ Idol တွေက ဘယ်သူတွေလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။

1. TWICE’s Tzuyu

Tzuyu ဟာဆိုရင် TWICE အဖွဲ့ရဲ့ အသက်အငယ်ဆုံးအဖွဲ့ဝင်ဖြစ်တယ်ဆိုသော်ငြားလည်း အငယ်ဆုံးပီပီ အဖွဲ့ဝင်အစ်မတွေအပေါ်မှာ ချွဲနွဲ့ရတာကို မကြိုက်သူဖြစ်ပါတယ်။ ဒါ့အပြင် ကလေးဆန်ပြီး ချစ်စရာကောင်းတဲ့ အပြုအမူမျိုးတွေ လုပ်ပြရမှာကိုလည်း အလွန်အမင်းရှက်ကြောက်တဲ့သူ ဖြစ်တယ်လို့ သိရပါတယ်။

ကလေးဆန်တဲ့ အပြုအမူတွေလုပ်ပြရမှာကို အရမ်းရှက်တတ်တဲ့ Tzuyu

2. SEVENTEEN’s Woozi

ချစ်စရာကောင်းတဲ့ အသွင်အပြင်မျိုးရှိတဲ့ SEVENTEEN အဖွဲ့ဝင် Woozi ကတော့ သူ့ရဲ့ အသွင်အပြင်နဲ့ လိုက်ဖက်တဲ့ ချစ်စရာကောင်းတဲ့ပုံစံမျိုးကို လုံးဝမနှစ်သက်ပဲ ယောကျာ်းဆန်ဆန်နဲ့ ပြောဆိုနေထိုင်ရတာကိုပဲ သဘောကျသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပရိသတ်တွေရဲ့ တောင်းဆိုမှုကြောင့် တစ်ခါတစ်လေမှာတော့ ချစ်စရာကောင်းတဲ့ပုံစံမျိုးတွေကို အနေရခက်စွာနဲ့ လုပ်ပြလေ့ရှိပါတယ်။

အနေရခက်စွာနဲ့ပဲ Aegyo လုပ်ပြခဲ့တဲ့ Woozi

3. B.I

iKON ရဲ့ အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ B.I. ဟာဆိုရင်လည်း ကလေးဆန်ပြီး ချွဲနွဲ့တဲ့ပုံစံမျိုးကို လုံးဝမကြိုက်နှစ်သက်သူဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခါတုန်းက Weekly Idol အစီအစဉ်မှာ ပရိသတ်တစ်ယောက်ရဲ့ တောင်းဆိုမှုကြောင့် သူ လုံးဝမနှစ်သက်တဲ့ပုံစံကို ကြိုးစားပြီးလုပ်ပြခဲ့တဲ့ ဗီဒီယိုဖိုင်ဟာဆိုရင် ပရိသတ်တွေ အကြားမှာ အတော်လေးကို ရေပန်းစားခဲ့ဖူးပါတယ်။

B.I. ရဲ့ မြင်ရခဲလှတဲ့ Aegyo

4. Red Velvet’s Wendy

စတိတ်ပေါ်မှာဆိုရင် ချစ်စရာကောင်းတဲ့ပုံစံလေးနဲ့ သီဆိုဖျော်ဖြေတတ်တဲ့ Red Velvet အဖွဲ့ဝင် Wendy ဟာဆိုရင် တကယ် အပြင်လက်တွေ့မှာတော့ ချစ်စရာကောင်းတဲ့အမူအရာတွေ လုပ်ပြရမှာကို အခက်တွေ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပရိသတ်တွေ တောင်းဆိုတဲ့အခါမှာ မလုပ်တတ်၊ လုပ်တတ်နဲ့ လုပ်ပြတဲ့ သူမရဲ့ Aegyo ဟာ တခြားသူတွေထက် အဆပေါင်းများစွာချစ်ဖို့ကောင်းတယ်လို့ ဆိုကြပါတယ်။

မလုပ်တတ်၊ လုပ်တတ်နဲ့ လုပ်ပြခဲ့တဲ့ Wendy ရဲ့ Aegyo

5. EXID’s Hani

Idol ဆိုပေမယ့်လည်း လွတ်လွတ်လပ်လပ် ပြောတတ်၊ နေတတ်၊ ရယ်မောတတ်တဲ့ Hani ဟာ Aegyo လုပ်ပြရမှာတော့ အတော်လေးကို အခက်တွေ့ရသူဖြစ်တယ်လို့ သိရပါတယ်။

အကောင်းဆုံးကြိုးစားပြီး Aegyo လုပ်ပြခဲ့တဲ့ Hani

6. Super Junior

K-pop လောကရဲ့ ၀ါရင့် Idol တွေဖြစ်ကြတဲ့ Super Junior အဖွဲ့ဝင်တွေ အကုန်လုံးကလည်း Aegyo လုပ်ပြတာနဲ့ ပတ်သတ်ပြီး လုံးဝကို မကြိုက်မနှစ်သက်ကြတဲ့သူတွေ ဖြစ်ပါတယ်။ Weekly Idol မှာ ပရိသတ်တွေအတွက် ဖျော်ဖြေတဲ့အနေနဲ့ ကြိုးစားပြီးလုပ်ပြတဲ့အခါတုန်းကဆိုရင် သူတို့အဖွဲ့ဝင်တွေအကုန်လုံးရဲ့ ပုံစံဟာ အရမ်းကိုဟာသမြောက်ခဲ့ဖူးပါတယ်။

ပရိသတ်တွေကို ငိုအားထက် ရယ်အားသန်စေခဲ့တဲ့ Super Junior ရဲ့ Aegyo

Ref : Soompi
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။