အသင်းရှုံးလို့ ကိုယ့်ကိုယ်ကိုယ်အရက်စက်ဆုံးပုံစံနဲ့ အပြစ်ပေးခဲ့ဖူးတဲ့ ဂွါဒီယိုလာရဲ့ထူးထူးဆန်းဆန်းအကျင့်

Posted on - Oct 10 []

Gunner Ksr

စာရေးသူ

ဂွါဒီယိုလာဟာ ဒီနေ့ခေတ်ဘောလုံးလောကရဲ့ အရည်းအသွေးအမြင့်မားဆုံး၊ နည်းစနစ်ပိုင်းအထူးချွန်ဆုံး နည်းအပြအဖြစ် သတ်မှတ်ခံထားခဲ့ရတာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းကို နည်းပြရင်း တီကီကာတာ ကစားကွက်နဲ့အတူ ဂွါဒီယိုလာဟာ ကမ္ဘာ့ကြီးဆီကို ထိုးဖောက်လာခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းမှာ ဂွါဒီယိုလာရယူနိုင်ခဲ့တဲ့အောင်မြင်မှုတွေက တကယ့်ကို လက်ဖျားခါချင်ပဲလို့ ဆိုရမှာပါ။

အဲဒီနောက် ဘာစီလိုနာဟာ ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့သွားခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ ပရီးမီးယားလိဂ်ကလပ်မန်စီးတီးကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ဂွါဒီယိုလာလက်ထက်မှာ အမြင့်ဆုံးအခြေအနေအထိ ရောက်ရှိလာခဲ့ပြီး ပရီးမီးယားလိဂ်ဖလားကို (၂) နှစ်ဆက်တိုက် ရယူနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ဂွါဒီယိုလာရဲ့ မန်ချက်စတာအစနေ့စွဲတွေက သိပ်တော့မလှပခဲ့ဘဲ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဂွါဒီယိုလာကိုယ်တိုင်တောင် စိတ်မသက်မသာဖြစ်ရမယ့် ရလဒ်ဆိုးမျိုးတွေကို ကြုံတွေ့ခဲ့ရတယ်။ ၂၀၁၇ ခုနှစ်၊ သြဂုတ်လအတွင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ အဲဗာတန်နဲ့ပွဲစဉ်ကတော့ မန်စီးတီးအသင်း ရလဒ်ဆိုးရွားခဲ့တဲ့ပွဲစဉ်တွေထဲက တစ်ပွဲပါပဲ။

အဲဒီပွဲစဉ်မှာ မန်စီးတီးအသင်းဟာ အိမ်ကွင်းအီတီဟတ်မှာပဲ အဲဗာတန်ကို သရေကျခဲ့ပါတယ်။ မန်စီးတီးဟာ တစ်ယောက်အထုတ်ခံခဲ့ရပြီး အနိုင်ရှိမယ့်အခွင့်အရေးကို လက်လွှတ်ခဲ့ရတာပါ။ အဲဒီပွဲစဉ်က အသင်းရဲ့ပုံစံကို ဂွါဒီယိုလာက အလွန်မချင့်မရဲဖြစ်ခဲ့တာပါ။

ဒါကြောင့် ဂွါဒီယိုလာက ပွဲအပြီးမှာတော့ ရုံးခန်းထဲမှာ ကိုယ့်ကိုယ့်ကိုယ် အကျဉ်းချကာ အချိန်အကြာကြီးတစ်ယောက်တည်း နေခဲ့တာ ဖြစ်ပါတယ်။ ဂွါဒီယိုလာဟာ ယုတ်စွအဆုံး သူ့ရဲ့မိန်းမနဲ့တောင် စကားမပြောတော့ဘဲ ရုံးခန်းထဲမှာ တစ်ယောက်တည်း ငူငူကြီးထိုင်နေခဲ့တာပါ။

နောက်ဆုံး မန်စီးတီးဥက္ကဋ္ဌအယ်မူဘာရက်က လာရောက်ဖျောင်းဖျတော့မှာသာ ဂွါဒီယိုလာတစ်ယောက် စိတ်သက်သာရတာပါ။ "မင်းက ငါတို့ရဲ့လူပဲ။ မင်းအပြင် တခြားဘယ်သူမှ မရှိဘူး။ ဒီတော့ စိတ်မပူပါနဲ့"လို့ အယ်မူဘာရက်က ဖျောင်းဖျခဲ့ရတာပါ။ ဘာပဲပြောပြော ဂွါဒီယိုလာရဲ့စိတ်ဓာတ်ကတော့ တကယ့်ကို ပြင်းထန်လွန်းတယ်လို့ ဆိုရမှာပါ။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။