အာဆင်ဝင်းဂါးရဲ့ နှလုံးသားတစ်ခုလုံး လုံးဝထိရှသွားစေမယ့် စကားတစ်ခွန်းကို ဆိုလိုက်တဲ့ ဖာဂူဆန်

Posted on - Oct 10 []

Gunner Ksr

စာရေးသူ

တစ်ခေတ်တစ်ခါက အာဆင်ဝင်းဂါးနဲ့ ဖာဂူဆန်ရဲ့ပြိုင်ဆိုင်မှုတွေဟာ လွမ်းမောစရာပါပဲ။ ပရီးမီးယားလိဂ်ရဲ့ အမှတ်တံဆိပ်ဖြစ်တဲ့ အာဆင်ဝင်းဂါးနဲ့ ဖာဂူဆန်တို့ရဲ့ ကွင်းပြင်ပြိုင်ဆိုင်မှုတွေဟာ ဘောလုံးပရိသတ်တွေကို အမှန်တကယ် ဆွဲဆောင်မှုရှိခဲ့တာ ဖြစ်ပါတယ်။ ကွင်းထဲက ကစားသမားတွေရဲ့ ပြိုင်ဆိုင်မှုကို မဆိုထားနဲ့။ နည်းပြခုံတန်းမှာ သူတို့နှစ်ယောက် မတ်ရပ်ယှဉ်ရပ်နေတာကို ကြည့်ရတာကိုက အရသာရှိလွန်းနေတာ ဖြစ်ပါတယ်။

ခေတ်တွေရွေ့လျားပြီး အချိန်တွေ ကုန်ဆုံးလာတဲ့အခါ အာဆင်ဝင်းဂါးနဲ့ ဖာဂူဆန်တို့နှစ်ယောက်စလုံးဟာ မြက်ခင်းစိမ်းပေါ်မှာ ရှိမနေတော့ပါဘူး။ အခမ်းအနားပွဲတွေမှာပဲဖြစ်ဖြစ်၊ ဆုပေးပွဲတွေမှာပဲဖြစ်ဖြစ် အာဆင်ဝင်းဂါးနဲ့ ဖာဂူဆန်တို့နှစ်ယောက်ကို ယှဉ်တွဲမြင်လိုက်ရတာဟာ ဘောလုံးပရိသတ်တွေအတွက် ဘာနဲ့မှမလဲနိုင်တဲ့ စိတ်ခံစားချက်ကို ပေးစွမ်းပါတယ်။

ပြီးခဲ့တဲ့တင်္နလာနေ့မှာတော့ အာဆင်ဝင်းဂါးဟာ ဘောလုံးလောကရဲ့ဂန္ထ၀င်ဆုကို ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီဆုပေးပွဲကို ဖာဂူဆန်တက်ရောက်နိုင်ခဲ့ခြင်းမရှိခဲ့ပေမယ့် အာဆင်ဝင်းဂါးကို ဂုဏ်ပြုဗီဒီယိုမက်ဆေ့ခ်ျပေးပို့သွားခဲ့ပါတယ်။

"အာဆင်နယ်မှာ ခင်ဗျားဖြတ်သန်းခဲ့တဲ့ဘ၀ဟာ တကယ့်ကို အံ့အားသင့်ဖွယ်ရာ ကောင်းလွန်းခဲ့တယ်။ တကယ့်ကို ဂန္ထ၀င်ပါပဲ။ ခင်ဗျားဟာ ပြိုင်ဆိုင်မှုတွေကို နှစ်သက်တယ်။ ကျွန်တော်တို့ကြားမှာလည်း ကြီးမြတ်တဲ့အချိန်တွေရှိခဲ့တယ်မဟုတ်လား။

ဒီဆုကို ရခဲ့တာ ခင်ဗျားအနေနဲ့ တကယ့်ကို အံ့အားသင့်ဖွယ်ကောင်းလွန်းပါတယ်။ ကံကောင်းပါစေ။ ခင်ဗျားကို ကျွန်တော် ကောင်းချီးပေးလိုပါတယ်"လို့ ဖာဂူဆန်က ဆိုခဲ့တာပါ။ ဖာဂူဆန်ရဲ့စကားတွေဟာ အာဆင်ဝင်းဂါးသာမက ပရိသတ်တွေရဲ့ရင်ကို လုံးဝထိရှသွားစေမှာဖြစ်ပါတယ်။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။