သခွားသီးကို ရန်သူကြီးသဖွယ် မုန်းတီးကြတဲ့ ကိုရီးယားအနုပညာရှင်များ

Posted on - Oct 10 []

Mia Zin

စာရေးသူ

သခွားသီးဆိုတာမျိုးက ကိုယ်ခန္ဓာရဲ့ ကျန်းမာရေးကို အထောက်အကူပြုတယ်လို့ လူအတော်များများက လက်ခံထားကြပြီး နှစ်ခြိုက်စွာ စားသုံးကြသော်ငြားလည်း တချို့သော သူတွေကတော့ သခွားသီးကို အရသာတင်မဟုတ်ပဲ အနံ့တောင်မှ မခံနိုင်ကြပါဘူး။ အခုဖော်ပြပေးမယ့် K-pop Idol အချို့ဟာဆိုရင် သခွားသီးကို အသံတောင်မကြားချင်လောက်အောင် ရန်သူကြီးသဖွယ်မုန်းတီးကြတဲ့သူတွေ ဖြစ်ကြပါတယ်။ သူတို့တွေက ဘယ်သူတွေလဲဆိုတာကို ဆက်လက်ရှုစားကြည့်လိုက်ကြပါဦး။

1. Lee Min Jung

နာမည်ကြီး မင်းသမီးတစ်လက်ဖြစ်တဲ့ Lee Min Jung ဟာဆိုရင် သခွားသီးစားတဲ့အခါမျိုးမှာ အစာမကြေဖြစ်တတ်တာကြောင့် သခွားသီးကလွဲပြီး ကျန်တဲ့အစားအစားတွေကို စားနိုင်တယ်လို့ဆိုကာ သူမကိုယ်တိုင် ပြောခဲ့ဖူးပါတယ်။

2. Jessica

Jessica ကတော့ သူမ စားမယ့်ဟင်းထဲမှာ သခွားသီးတစ်ဖက်လောက်ပါရင်ကို အဲဒီဟင်းကို လုံးဝမစားတော့တဲ့သူ ဖြစ်ပါတယ်။ သူမဟာ သခွားသီးရဲ့ အနံ့ကိုတောင်မှ မခံနိုင်ပဲ အနံ့ရလိုက်တာနဲ့တင် အန်ချင်စိတ်ဖြစ်တယ်လို့လည်း ပြောခဲ့ဖူးပါတယ်။

3. EXO’s Baekhyun

သခွားသီးကို လုံးဝမကြိုက်မနှစ်သက်တဲ့ Idol တွေထဲမှာ Baekhyun တစ်ယောက်လည်း အပါအ၀င်ဖြစ်ပြီး သူဟာလည်းပဲ Jessica လိုမျိုးပဲ သခွားသီးရဲ့ အနံ့ကိုတောင်မှ မခံနိုင်ပါဘူးတဲ့။ ဒါကြောင့်မို့လို့ ဆပ်ပြာသုံးရင်တောင်မှ သခွားသီးအနံ့ပါတယ်ဆိုတဲ့ဟာမျိုးကို ရှောင်တယ်လို့ သိရပါတယ်။

4. TWICE’s Momo

TWICE ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်သူ Momo ကတော့ သခွားသီးတင်မကပဲ ဖရဲသီးကိုပါ မကြိုက်မနှစ်သက်တဲ့သူ ဖြစ်ပါတယ်။

5. SHINee’s Taemin

Taemin ကတော့ သခွားသီးနဲ့ ကိုရီးယားမှာ လူစားများတဲ့ Street Food တစ်မျိုးဖြစ်တဲ့ ပိုးကောင်ပြုတ်ကို လုံးဝမကြိုက်မနှစ်သက်သူ ဖြစ်ပါတယ်။

6. Jeon Somi

Jeon Somi ကလည်း သူမဟာ အစားအသောက်ဂျေးများတတ်သူ မဟုတ်ပေမယ့် သခွားသီးကိုတော့ လုံးဝမစားနိုင်ဘူးလို့ ဆိုခဲ့ဖူးပါတယ်။

7. GOT7’s Youngjae

သခွားသီးကို လုံးဝမုန်းတဲ့ Idol တွေထဲမှာ GOT7 အဖွဲ့ဝင် Youngjae တစ်ယောက်လည်း အပါအ၀င်ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ဖရဲသီးကိုလည်း မကြိုက်ဘူးလို့ သိရပါတယ်။

8. MONSTA X’s Minhyuk

Minhyuk ကလည်း သူ စားလိုက်တဲ့အစားအစာထဲမှာ သခွားသီးတစ်ဖက်ပါလိုက်တာနဲ့ ချက်ချင်းဆိုသလိုထွေးထုတ်တတ်တယ်လို့ဆိုကာ သူ့အနေနဲ့ သခွားသီးလုံးဝမစားနိုင်တဲ့အကြောင်းကို ပြောပြခဲ့ဖူးပါတယ်။

9. SHINee’s Onew

Onew ကတော့ သခွားသီးရဲ့ အနံ့ကို လုံးဝမကြိုက်မနှစ်သက်တာကြောင့် မစားနိုင်တာဖြစ်တယ်လို့ အစီအစဉ်တစ်ခု ပြောခဲ့ဖူးပါတယ်။

10. NCT’s Doyoung

NCT ရဲ့ Doyoung ကတော့ သူဟာ သခွားသီးနဲ့ ပတ်သတ်ပြီး အာလဂျစ်မရှိပေမယ့် သခွားသီးရဲ့အနံ့ကို လုံးဝမကြိုက်မနှစ်သက်တာကြောင့် မျက်နှာပေါင်းတင်ကပ်ခွာ အသုံးပြုရင်တောင် သခွားသီးနဲ့ ပြုလုပ်ထားတာကို ရှောင်ရှားတယ်လို့ ဆိုပါတယ်။

Ref : Soompi
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။