ဖြူဖွေးသန့်ပြန့်နေတဲ့ အနောက်တိုင်းဝတ်စုံလေးနဲ့ ခန့်ညားနေတဲ့ ပိုင်တံခွန်

Posted on - Oct 10 []

Rowena

စာရေးသူ

ကြံခိုင်သန်စွမ်းတဲ့ ခန္ဓာကိုယ်နဲ့ ယောကျာ်းဆန်ဆန် မျက်နှာကို ပိုင်ဆိုင်ထားတဲ့ ပိုင်တံခွန်က မိန်းကလေးတိုင်းရဲ့ အိပ်မက်ထဲက မင်းသားတစ်လက်ပါပဲ။ ရုပ်လေးချောသလို ကြင်နာသနားတတ်တဲ့ ပိုင်တံခွန်က စိတ်ထားကောင်းသူ တစ်ယောက်လဲ ဖြစ်ပါတယ်။ အဲ့လို စိတ်ရောလူပါလှတဲ့ ပိုင်တံခွန်က အခုဆိုရင် မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံမှာပါ အောင်မြင်နေတာ ဖြစ်ပါတယ်။

ပိုင်တံခွန်က လက်ရှိမှာတော့ စင်္ကာပူနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ Viber Asia Summit 2019 ပွဲကြီးကို တက်ရောက်နေတာ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် ပိုင်တံခွန်ရဲ့ စင်္ကာပူရောက် ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။

ပိုင်တံခွန်က Viber Asia Summit 2019 ပွဲကို အရမ်းမိုက်တဲ့ အဖြူရောင် အနောက်တိုင်းဝတ်စုံလေးနဲ့ တက်ရောက်လာပြီး မိန်းကလေးတိုင်း ငေးမောရလောက်အောင် ချောမောနေတာပဲ ဖြစ်ပါတယ်။

ပိုင်တံခွန်က လက်ရှိမှာတော့ ကျော်ကျော်ဗို၊ အိချောပိုတို့နဲ့အတူတူ "မှောင်တိုက်" ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေပြီး ထိုင်းနိုင်ငံမှာလည်း အနုပညာလုပ်ငန်းတွေ လုပ်ကိုင်နေလျက်ရှိပါတယ်။

ပိုင်တံခွန်ကတော့ မိန်းကလေးတွေ ကြွေရအောင် တစ်နေ့တစ်ခြား ပိုပိုပြီး ချောလာတာပဲနော်။ ပရိသတ်ကြီးလည်း ပိုင်တံခွန်ရဲ့ ပုံရိပ်တွေကို သဘောကျကြိုက်နှစ်သက်ကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Paing Takhon's fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။