မက်ဆီနဲ့ စီရော်နယ်ဒိုတို့ လက်ရှိဖြစ်ပျက်နေပုံကို အမှန်ကန်ဆုံး သုံးသပ်ပြသွားခဲ့တဲ့ ဘာဘာတော့ဗ်

Posted on - Oct 10 []

Gunner Ksr

စာရေးသူ

မက်ဆီနဲ့ စီရော်နယ်ဒိုအကြား ဗန်ပါစီရဲ့ရွေးချယ်မှုကလည်း တကယ့်ကို စိတ်ဝင်စားစရာဖြစ်ခဲ့တာပါ။ မက်ဆီနဲ့ စီရော်နယ်ဒိုဆိုတာ ဘောလုံးလောကရဲ့ ထာဝရအကောင်းဆုံးကစားသမားတွေအဖြစ် သတ်မှတ်ခံထားရသူ တွေဖြစ်ပါတယ်။ မက်ဆီနဲ့ စီရော်နယ်ဒို ဘယ်သူပိုကောင်းသလဲဆိုတာ ဒီနေ့အချိန်အထိ ကွဲကွဲပြားပြားအဖြေထွက်ပေါ်သေးခြင်းမရှိသေးပါဘူး။ အားလုံးက သူ့အမြင်၊ ကိုယ့်အမြင်ကိုသာ ပြောဆိုနေကြတာပဲ ဖြစ်ပါတယ်။

ပရိသတ်တွေသာမက ကမ္ဘာကျော်ဘောလုံးသမားတွေမှာကိုက မက်ဆီနဲ့ စီရော်နယ်ဒိုအကြား အမြင်ကွဲပြားနေခဲ့တာပါ။ စီရော်နယ်ဒိုကို ကြိုက်နှစ်သက်တဲ့ဘောလုံးသမားတွေရှိသလို မက်ဆီမှမက်ဆီဖြစ်နေတဲ့ ဘောလုံး သမားတွေလည်း ရှိပါတယ်။

မန်ယူတိုက်စစ်မှူးဟောင်းဘာဘာတော့ဗ်ရဲ့ မက်ဆီနဲ့ စီရော်နယ်ဒိုတို့အကြား နှိုင်းယှဉ်ချက်ကတော့ တကယ့်ကို သမာသမတ်ကျပြီး အားလုံး မဖြစ်မနေ ထည့်သွင်းစဉ်းစားရမယ့်အချက်လည်း ဖြစ်ပါတယ်။ ဆုတွေအားလုံးကို မက်ဆီနဲ့ စီရော်နယ်ဒို နှစ်ယောက်စလုံးကို မျှဝေပေးသင့်တယ်လို့ ဆိုခဲ့တာပါ။

"စီရော်နယ်ဒိုနဲ့ မက်ဆီတို့ရဲ့ပြိုင်ဆိုင်မှုကို ဘယ်လိုသတ်မှတ်ကြမလဲ။ ဆုတံဆိပ်တွေအားလုံးကို သူတို့နှစ်ယောက်ပဲ အညီအမျှခွဲဝေရရှိသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ သူတို့နှစ်ယောက်မှာ ဘယ်သူက ပိုကောင်းတယ်ဆိုပြီး ပြောလို့မရပါဘူး။

စီရော်နယ်ဒိုက ရည်မှန်းချက်ကြီးပြီး အရာအားလုံးကို သူပဲပိုင်ဆိုင်ချင်တယ်။ သူဟသာ စံချိန်တွေတစ်ခုပြီးတစ်ခုကို ချိုးဖျက်ချင်တဲ့သူ။ မက်ဆီကတော့ အဲဒီလိုစိတ်မျိုး မပြပါဘူး။ ဒါပေမဲ့ အတွင်းစိတ်မှာတော့ ရှိနိုင်ပါတယ်။ ဥပမာအိမ်ပြန်ရောက်တဲ့အခါ 'ငါဟာ လူတိုင်းကို သောက်ရမ်းဒုက္ခပေးနိုင်တဲ့ကောင်ပဲ'ဆိုတာမျိုး တွေးနိုင်ပါတယ်"လို့ ဘာဘာတော့ဗ်က မှန်မှန်ကန်ကန် သုံးသပ်ပြသွားခဲ့တာပါ။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။