ခင်ပွန်းဖြစ်သူ အိမ်ဦးနတ်ရဲ့မွေးနေ့လေးမှာ ဘုရားစင်ရှေ့ကမခွာပဲ ကုသိုလ်တွေလုပ်ပေးနေတဲ့ စမိုင်းလ်

Posted on - Oct 10 []

Myint Myat

စာရေးသူ

တစ်ချိန်က သရုပ်ဆောင်လောကမှာ ပရိသတ်တွေအရမ်းချစ်ခင်ခဲ့ကြတဲ့ မင်းသမီး​ချော​လေး စမိုင်းလ်ကတော့ လတ်​တ​လောမှာ သူမကို အရမ်းချစ်တဲ့ ခင်ပွန်းနဲ့အတူ အခက်အခဲတွေကို အတူကျော်ဖြတ်ရင်း သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ဖန်တီးပုံဖော်ထားတာပါ​။ သူမက​တော့ အမြဲလိုလို ပွင့်​ပွင့်​လင်းလင်​နဲ့ အရိုးရှင်းဆုံး​နေထိုင်​တတ်​တာ​ကြောင့်​ပရိသတ်​တွေက သူမကို ပိုပိုပြီး ချစ်​နေကြတာပဲ ဖြစ်ပါတယ်။ လတ်​တ​လောမှာ​တော့ စမိုင်းလ်​က ခင်​ပွန်းရဲ့မွေးနေ့အတွက် ကုသိုလ်တွေ လုပ်ပေးနေတဲ့ သူမရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ဒီလိုလိမ္မာလွန်းတဲ့ ချစ်ဇနီးလေးကိုတော့ စမိုင်းလ်ရဲ့ခင်ပွန်းတစ်ယောက် အရမ်းကို အချစ်ပိုနေရတာပဲ ဖြစ်ပါတယ်။

မိုမို​လေးချစ်​ပရိသတ်​တွေအတွက် ခင်ပွန်းဖြစ်သူ အိမ်ဦးနတ်ရဲ့မွေးနေ့လေးမှာ ဘုရားစင်ရှေ့ကမခွာပဲ ကုသိုလ်တွေလုပ်ပေးနေတဲ့ စမိုင်းလ်​ရဲ့ပုံရိပ်​တွေကို​ဖော်​ပြ​ပေးလိုက်​ပါတယ်​။

စမိုင်းလ်ကတော့ "၁၀ရက် ၁၀လပိုင်း ကုသိုလ် ၁၀လပိုင်းမှာမွေးဖွားတဲ့အိမ်ဦးနတ်အတွက် 🙏🏼" ဆိုပြီး ချစ်ရတဲ့ ခင်ပွန်းအတွက် ကောင်းမှုကုသိုလ်တွေ လုပ်ပေးနေတဲ့ သူမရဲ့ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။ဘာသာတရား ကိုင်းရှိုင်းလွန်းတဲ့ စမိုင်းလ်တို့ ဇနီးမောင်နှံကတော့ မကြာခဏဆိုသလို အလှူအတန်းတွေလုပ်လေ့ရှိတာမို့ ပရိသတ်တွေကလည်း အားကျနေကြတာပဲ ဖြစ်ပါတယ်။

အောင်မြင်တဲ့ ယောက်ျားတစ်ယောက်ရဲ့နောက်ကွယ်မှာ ထက်မြက်တဲ့ မိန်းမတစ်ယောက် ရှိနေတယ်ဆိုတာ ပြသလိုက်တဲ့ စမိုင်းလ်...။

စမိုင်းလ်ကို အရမ်းချစ်တဲ့ သူ့​ရဲ့ခင်​ပွန်းက​တော့ မကြာခဏဆိုသလို ချစ်​ဇနီးသည်​ကို Surprise​တွေ လုပ်​ပေး​လေ့ရှိပြီး ဘယ်လောက်ထိချစ်ကြောင်း ပြသလေ့ရှိပါတယ်​။ စမိုင်းလ်တို့ဇနီးမောင်နှံနှစ်ဦးကတော့ လတ်တလောမှာ အရမ်းကိုချစ်စရာကောင်းတဲ့ မီးမီးလေးနှစ်ဦးနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ရှေ့သွားနောက်လိုက်ညီလွန်းတဲ့ စမိုင်းလ်တို့ ဇနီးမောင်နှံကို သဘောကျရင် Share သွားကြဖို့ မ​မေ့ကြနဲ့​နော်​။

Myint Myat
Source;Smile's Facebook Page




Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။