ယူရိုသန်း (၅၀၀) ပေးရင်တောင် လုံးဝမရောင်းထုတ်မယ့် ကစားသမားကို ပြောပြသွားတဲ့ ဂွါဒီယိုလာ

Posted on - Oct 10 []

Gunner Ksr

စာရေးသူ

မန်စီးတီးနည်းပြဂွါဒီယိုလာကတော့ လက်ရှိအသင်းကနေ လုံးဝမရောင်းထုတ်မယ့် ကစားသမားတစ်ယောက်နာမည်ကိုပြောကြားသွားခဲ့ရာမှာတော့ အားလုံးအံ့အားသင့်စရာ ဖြစ်ခဲ့ရပါတယ်။ မန်စီးတီးဟာ ဂွါဒီယိုလာ လက်ထက်မှာ တန်ခိုးအင်အားကြီးထွားလာပြီး ဥရောပရဲ့ ထိပ်တန်းအဆင့်ကို ရောက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။

ဂွါဒီယိုလာလက်ထက်မှာ မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ဖလားကို စံချိန်တင်ရမှတ် (၁၀၀) နဲ့ ဗိုလ်စွဲခဲ့ပြီး ပြည်တွင်းဖလား (၃) သုံးစလုံးကို ပထမဆုံးရရှိတဲ့ အင်္ဂလန်အသင်းအဖြစ်ပါ မှတ်တမ်းဝင်သွားခဲ့တာပါ။

နေရာစုံမှာ ကမ္ဘာ့အဆင့်ထိပ်တန်းကစားသမား အများအပြားရှိနေတာကလည်း မန်စီးတီးကို အဲဒီလိုအောင်မြင်မှုမျိုး ရယူစေနိုင်ခဲ့တာပါ။ စတာလင်း၊ အဂူရို၊ ဒီဘရိုင်း၊ ဒေးဗစ်လ်ဆေးဗား၊ ဆာနေး၊ မာရက်ဇ်၊ ဘာနာဒိုဆေးလ်ဗား၊ ဝေါ်လ်ကာ၊ လာပေါ်တီ၊ အီဒါဆန် စတဲ့နေရာစုံမှာ ထိပ်တန်းကစားသမားတွေနဲ့ ပြည့်နှက်နေခဲ့တာပါ။

ဒါပေမဲ့ လက်ရှိမန်စီးတီးမှာ ဂွါဒီယိုလာ မျက်စိအကျဆုံးကစားသမားကတော့ အနည်းငယ်ထူးခြားတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဂွါဒီယိုလာဟာ လူငယ်တိုက်စစ်ကစားသမားဖီးလ်ဖိုဒမ်ကို သဘောအကျဆုံးဖြစ်ပြီး ယူရိုသန်း (၅၀၀) ပေးရင်တောင် ရောင်းချမှာ မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။

"ကျွန်တော်တို့ဟာ ဖိုဒမ်ကို မတော်တဆပုံစံမျိုးနဲ့ စာချုပ်ချုပ်မှာ မဟုတ်ပါဘူး။ ဖိုဒမ်ဟာ ဘယ်လိုအခြေအနေမျိုးမှာမဆို ယောင်လို့တောင် ရောင်းမထုတ်မယ့် တစ်ဦးတည်းသောကစားသမားပါ။ သူ့ကို ယူရိုသန်း (၅၀၀) ပေးရင်တောင် ရောင်းမထုတ်နိုင်ပါဘူး။ ဖိုဒမ်ဟာ စီးတီးကို ကိုယ်စားပြုပါတယ်။ သူ့ကို ဘယ်လိုနည်းနဲ့မှ ရောင်းထုတ်သွားမှာမဟုတ်ပါဘူး"လို့ ဂွါဒီယိုလာက ပြောဆိုသွားခဲ့တာပါ။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။