MRTV 4 ရဲ့ Talk Show မှာ ပါဝင်ခဲ့တဲ့ "အခမ်းနားဆုံးမေတ္တာ" အဖွဲ့သားများ

Posted on - Oct 10 []

Rowena

စာရေးသူ

လူငယ်ဒါရိုက်တာ ပွင့်သိင်္ဂိဇော် (အရုဏ်ဦး) ရဲ့ လက်ရာဖြစ်တဲ့ "အခမ်းနားဆုံးမေတ္တာ" ရုပ်ရှင်ဇာတ်ကားကြီးက မကြာခင်အချိန်အတွင်းမှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ "အခမ်းနားဆုံးမေတ္တာ" ရုပ်ရှင်ဇာတ်ကားကြီးက ရိုက်ကူးပြီး ငါးလအတွင်းမှာ ရုံတင်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း နေတိုးနဲ့ နေခြည်ဦးတို့ပါဝင်ထားတဲ့ "အခမ်းနားဆုံးမေတ္တာ" ရုပ်ရှင်ဇာတ်ကားကြီးကို စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။

"အခမ်းနားဆုံးမေတ္တာ" ရုပ်ရှင် အဖွဲ့သားတွေက မနေ့က အောက်တိုဘာလ (၉) ရက်နေ့က MRTV 4 ရုပ်သံလိုင်းရဲ့ အနုပညာမိုးကောင်းကင် အစီအစဉ်ရဲ့ Talk Show မှာ ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။

"အခမ်းနားဆုံးမေတ္တာ" ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ပွင့်သီင်္ဂီဇော်က ရိုက်ကူးပုံဖော်ထားပြီး နေတိုး ၊ ရဲအောင်၊ သူရိယ၊ တိုင်ရွန်၊ စိုးမြတ်သူဇာ၊ နေခြည်ဦးနဲ့ မေဘရဏီသော်တို့ က အဓိကပါဝင် သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။

ဘယ်လိုတွေတောင် ချောနေတာလဲ ကိုနေတိုးရယ်😍😍😍

"အခမ်းနားဆုံးမေတ္တာ" ရုပ်ရှင်ဇာတ်ကားကြီးက နေတိုးနဲ့ နေခြည်ဦးတို့ ပထမဆုံး ဆုံတွေ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီး Romance ရုပ်ရှင်ဇာတ်ကားကြီးဖြစ်လို့ ပရိသတ်တွေက စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။

"အခမ်းနားဆုံးမေတ္တာ" ရုပ်ရှင်ဇာတ်ကားကြီးက လာမယ့် အောက်တိုဘာလ (၁၇) ရက်နေ့မှာ စတင် ရုံတင်ပြသမှာမို့ ဆက်ဆက်အားပေးကြဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Nay Min Tun's fb
Photo: Nay Min Tun

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။