စိတ်ဝင်စားစရာကောင်းလွန်းနေတဲ့ ၂၀၁၉ ခုနှစ်အတွင်း ဂိုးအများဆုံးသွင်းထားသူများစာရင်း

Posted on - Oct 10 []

Gunner Ksr

စာရေးသူ

၂၀၁၉ ခုနှစ်အတွင်း နိုင်ငံနဲ့ ကလပ်အသင်းနှစ်ခု စုစုပေါင်းဂိုးသွင်းအများဆုံးစာရင်း ထွက်ပေါ်လာခဲ့ရာမှာတော့ နည်းနည်းတော့ အံ့အားသင့်ဖွယ်ကောင်းခဲ့တယ်လို့ ဆိုရမှာပါ။ ၂၀၁၉ ခုနှစ်အတွင်း နိုင်ငံနဲ့ ကလပ်နှစ်ခုပေါင်း ဂိုးသွင်းအများဆုံး ကစားသမားစာရင်းမှာတော့ ဘိုင်ယန်မြူးနစ်နဲ့ ပိုလန်လက်ရွေးစင်တိုက်စစ်မှူးလီဝန်ဒေါစကီးက ထိပ်ဆုံးမှာရပ်တည်နေတာပဲ ဖြစ်ပါတယ်။

အသက် (၃၁) နှစ်အရွယ်ရှိတိုက်စစ်မှူးဟာ ၂၀၁၉ခုနှစ်အတွင်း ဘိုင်ယန်မြူးနစ်နဲ့ ပိုလန်လက်ရွေးစင်အသင်းအတွက် စုစုပေါင်း (၃၃) ဂိုးအထိသွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ လီဝန်ဒေါစကီးဟာ လက်ရှိရာသီမှာလည်း ခြေစွမ်းကောင်းတွေ ပြသနေပြီး ဘွန်ဒက်လီဂါ (၇) ပွဲကစားပြီးချိန်မှာ (၁၁) ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

လီဝန်ဒေါစကီးရဲ့နောက် ဒုတိယနေရာမှာတော့ ဘာစီလိုနာနဲ့ အာဂျင်တီးနားတိုက်စစ်မှူးလီယွန်နယ်မက်ဆီရပ်တည်နေတာပါ။ မက်ဆီဟာ ၂၀၁၉ ခုနှစ်အတွင်း ဘာစီလိုနာနဲ့ အာဂျင်တီးနားအသင်းအတွက် စုစုပေါင်း (၃၁) ဂိုးအထိ သွင်းယူထားခဲ့တာပါ။

အဲဒီနောက် တတိယနေရာမှာတော့ မန်စီးတီးနဲ့ အာဂျင်တီးနားတိုက်စစ်မှူးအဂူရိုက (၂၆) ဂိုး၊ ရီးရဲမက်ဒရစ်တိုက်စစ်မှူးဘန်ဇီမာက (၂၅) ဂိုးနဲ့ တတိယနေရာမှာ ရပ်တည်နေခဲ့တာဖြစ်ပါတယ်။ ဂျူဗင်တပ်နဲ့ ပေါ်တူဂီတိုက်စစ်မှူးစီရော်နယ်ဒိုကတော့ (၁၆) ဂိုးနဲ့ အဆင့် (၁၆) နေရာမှာပဲ ရှိနေတာ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်အတွင်း ဂိုးအများဆုံးသွင်းထားသူများစာရင်း

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။