GOAT အစစ်အမှန်မှာ မက်ဆီနဲ့စီရော်နယ်ဒိုတို့ မဟုတ်ဘူးလို့ ပြတ်ပြတ်သားသား ဒဲ့ပြောခဲ့တဲ့ မော်ရင်ဟို

Posted on - Oct 10 []

Gunner Ksr

စာရေးသူ

မက်ဆီနဲ့ စီရော်နယ်ဒိုတို့ကို ဘောလုံးလောကရဲ့ ထာဝရအကောင်းဆုံးကစားသမား(GOAT)အဖြစ် သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။ နောက်ဆုံး (၁၅) နှစ်အတွင်း ဘောလုံးလောကမှာ မက်ဆီနဲ့ စီရော်နယ်ဒိုနှစ်ယောက် စွမ်းဆောင်ထားခဲ့တဲ့အရာတွေက တကယ့်ကို အံ့မခန်းပါပဲ။ Ballon d'Or ဆု တစ်ယောက် (၅) ကြိမ်အထိ ရယူထားနိုင်ခဲ့ပြီး အမြင့်ဆုံးအခြေအနေတွေကို ပိုင်ဆိုင်ရယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

မက်ဆီနဲ့ ရော်နယ်ဒို ဘယ်သူပိုကောင်းသလဲဆိုတဲ့မေးခွန်းဟာ ဘောလုံးလောကမှာ ဘယ်သူမှ တိတိကျကျမဖြေနိုင်တဲ့၊ တစ်နည်းပြောရရင် အဖြေမရှိတဲ့မေးခွန်းပဲ ဖြစ်ပါတယ်။ သူ့အမြင်၊ ကိုယ့်အမြင်နဲ့သာ ပြောဆိုနေကြတာဖြစ်ပြီး အားလုံးလက်ခံနိုင်တဲ့အဖြေမျိုး ဘယ်သူ့မှ ပေးထားနိုင်ခြင်းမရှိပါဘူး။

ဒါပေမဲ့ မန်ယူအသင်းနည်းပြဟောင်းမော်ရင်ဟိုကတော့ မက်ဆီနဲ့ စီရော်နယ်ဒိုဟာ အံ့အားသင့်ဖွယ်ကောင်းတဲ့ ကစားသမားတွေဖြစ်ပေမယ့် ဘောလုံးလောကရဲ့ GOAT အစစ်အမှန်မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။ ဘောလုံးလောကရဲ့ GOAT အစစ်အမှန်က ဘရာဇီးတိုက်စစ်မှူးရော်နယ်ဒိုသာ ဖြစ်တယ်လို့ မော်ရင်ဟိုက ဆိုခဲ့တာပါ။

"စီရော်နယ်ဒိုနဲ့ မက်ဆီဟာ နှစ်တွေတော်တော်ကြာတဲ့အထိ ထိပ်တန်းအဆင့်စွမ်းဆောင်ရည်ကို ထိန်းထားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အရည်အသွေး၊ စကေးပိုင်းနဲ့ ယှဉ်ပြောကြတဲ့အခါ ရော်နယ်ဒို(ဘရာဇီး)ကို ဘယ်သူမှ မမီပါဘူး။

ကျွန်တော် ဘာစီလိုနာနည်းပြအဖွဲ့ဝင်အဖြစ် လုပ်တုန်းကဆိုရင် ရော်နယ်ဒိုဟာ ကွင်းထဲမှာ အမြဲတမ်းသန်မာတဲ့ ကစားသမားအဖြစ် ရှိနေခဲ့တာပါ။ သူ့ရဲ့ကစားသမားဘ၀က ဒီထက်ပိုပြီး တောက်ပခဲ့သင့်ပါတယ်။ ဒါပေမဲ့လည်း သူဟာတကယ့်ကို အံ့အားသင့်ဖွယ်စွမ်းဆောင်ရည်ကို ပြသခဲ့တာပါ"လို့ မော်ရင်ဟိုက ပြတ်ပြတ်သားသား ပြောဆိုသွားခဲ့တာပါ။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။