မရိုးလွန်း၊ မဆန်းလွန်းတဲ့ အဝါရောင်ဖက်ရှင်လေးနဲ့ အလှဆုံးဖြစ်နေတဲ့ သက်မွန်မြင့်

Posted on - Oct 18 []

Rowena

စာရေးသူ

ချင်းတိုင်းရင်းသူလေး သက်မွန်မြင့်က အနုပညာလောကမှာ အောင်မြင်မှုတွေများစွာ ဆွတ်ခူးရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ သက်မွန်မြင့်က သူမရဲ့ အနုပညာသက်တမ်း နှစ် (၂၀) အတွင်း "အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ "ချစ်လှစွာသောအမုန်း" ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ အကယ်ဒမီဆုကြီး နှစ်ဆုတိတိကို ဆွတ်ခူးရရှိထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သက်မွန်မြင့်ကို ဒီနေ့ဒီအချိန်ထိ အားပေးကြတာပဲ ဖြစ်ပါတယ်။

ပရိသတ်တွေက သက်မွန်မြင့်ကို သရုပ်ဆောင်ကောင်းလို့တင်မကပဲ အဝတ်အစားကို လုံလုံခြုံခြုံနဲ့ ဖက်ရှင်ကျကျ ဝတ်ဆင်တတ်တာကြောင့်လည်း သဘောကျအားပေးကြတာပဲ ဖြစ်ပါတယ်။

သက်မွန်မြင့်က မနေ့က အောက်တိုဘာလ (၁၇) ရက်နေ့ နေ့လည်၃နာရီအချိန်က Lottee Hotel မှာ ကျင်းပပြုလုပ်ခဲ့တဲ့ realme 5pro နှင့်realme 5 series မိတ်ဆက်ပွဲ အခမ်းအနားကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

သက်မွန်မြင့်ကတော့ သူမရဲ့ ပုံစံလေးအတိုင်းပဲ မရိုးလွန်းမဆန်းလွန်းတဲ့ ဖက်ရှင်လေးနဲ့ လုံခြုံလှပစွာ ပွဲတက်လာခဲ့တာ အရမ်းကို လှပနေတာကို တွေ့ရပါတယ်။

သက်မွန်မြင့်ကတော့ တစ်နေ့တစ်ခြား အလှတွေ တိုးပြီး ကျက်သရေရှိနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သက်မွန်မြင့်ရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Momolay TV

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။