မိန်းမဖြစ်သူအတွက် ချိတ်ထဘီတွေ ကိုယ်တိုင်ရွေးပေးနေတဲ့ ရွှေထူးရဲ့ပုံရိပ်တွေ

Posted on - Oct 18 []

Myint Myat

စာရေးသူ

လိုက်ဖက်ညီလွန်းတဲ့ စုံတွဲလေးဆိုပြီး ပရိသတ်တွေ အားကျချစ်ခင်ရတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံနှစ်ဦးကတော့ အခက်အခဲတွေကို ကျော်ဖြတ်ပြီး၊ အချစ်ကိုရွေးချယ်လိုက်ကြတာမို့ ဘဝကို အပျော်ရွှင်ဆုံး ဖြတ်သန်းနေကြရတာပဲ ဖြစ်ပါတယ်။ ဇနီးချောလေး ရွှေမှုံကို အရိပ်တကြည့်ကြည့်နဲ့ ချစ်တတ်လွန်းတဲ့ ရွှေထူးကတော့ လတ်တလောမှာလည်း ပရိသတ်တွကြားမှာ ပြောစမှတ်တွင်သွားအောင် Romantic ဆန်ပြလိုက်ပြန်ပါတယ်။ မိန်းမဖြစ်သူအတွက် ချိတ်ထဘီတွေ လက်မှာချိတ်ပြီး ကိုယ်တိုင်ရွေးပေးနေတဲ့ ရွှေထူးရဲ့ပုံရိပ်တွေကတော့ တကယ့်ကို ချစ်ဖို့ကောင်းလှပါတယ်နော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် ချစ်ဇနီးအတွက် ချိတ်ထဘီတွေကို လက်မှာချိတ်ပြီး၊ ကိုယ်တိုင်ရွေးပေးခဲ့တဲ့ ရွှေထူးရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ရွှေမှုံလေးကို အရမ်းချစ်တတ်လွန်းတဲ့ ရွှေထူးရဲ့အကြောင်းကိုတော့ ဒီဇိုင်နာ မျိုးမင်းစိုးက "မနက်ဖန်ရွှေမှူံဝတ်မဲ့ကြာဝတ်စုံလေးFitting လာချရင်း❤️ ညမိုးချုပ်ကြီးမှရွှေမှူံကိုအချိတ်တွေအများကြီးအများကြီးဝယ်ပေးသွားသောကိုရွှေထူး❤️❤️
ဒီတခါရွှေထူးကြိုက်တာရွေးပေးတာတွေကိုသာယူသွားသောရွှေမှူံ❤️ အရမ်းချစ်ကြတာတွေ့တော့ပျော်မိတယ်❤️ ခုလိုရွှေမှူံအတွက်အများကြီးဝယ်ပေးတဲ့ကိုရွှေထူးကျန်းမာချမ်းသာပါစေ❤️နောက်လည်းအမြဲလာဝယ်နိုင်ပါစေလို့" ဆိုပြီး ရွှေနှစ်ရွှေမောင်နှံလေးကို သဘောကျလွန်းစွာ လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။

ချစ်ဇနီးလေးကို အရိပ်တကြည့်ကြည့်နဲ့ ချစ်တတ်လွန်းသော ခင်ပွန်းသည်...။

ရွှေမှုံလေးကလည်း ခင်ပွန်းရွေးပေးတဲ့ ချိတ်တွေချည်း ဝယ်သွားတယ်ဆိုပဲနော်...။

မင်းသမီးချောလေး ရွှေမှုံရတီကတော့ လတ်တလောမှာ ရုပ်ရှင်တွေ ဆက်တိုက်ရိုက်ကူးဖြစ်နေပြီး ကြော်ငြာတွေလည်း လက်ခံရိုက်ကူးဖြစ်နေတာ တွေ့ရပါတယ်။ အဆိုတော်တစ်ဦးအနေနဲ့သာမကပဲ မင်းသားတစ်ဦးအနေနဲ့ရုပ်ရှင်တွေရိုက်နေရတဲ့ ရွှေထူးကလည်း အနုပညာအလုပ်တွေနဲ့ မအားမလပ်ဖြစ်နေတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို ချစ်တတ်လွန်းကြတဲ့ ရွှေနှစ်ရွှေမောင်နှံလေးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Myo Min Soe's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။