စိုင်းထီးဆိုင်ရဲ့ "ချစ်တာတစ်ခုတည်းသိတယ်" သီချင်းကို ပြန်လည်သီဆိုခဲ့တဲ့ အောင်ရဲထိုက်

Posted on - Oct 18 []

Rowena

စာရေးသူ

မင်းသားချောလေး အောင်ရဲထိုက်ကတော့ "ပျောက်ဆုံးနေသောအမှန်တရား" ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက် ရရှိခဲ့တာ ဖြစ်ပါတယ်။ အောင်ရဲထိုက်က "ည" ၊ "မီ" စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာကတည်းက အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ အောင်ရဲထိုက်က သရုပ်ဆောင်ဝါနုသေးပေမယ့်လည်း အလုပ်ကိုအာရုံစူးစိုက်ပြီး အကောင်းဆုံး လုပ်ဆောင်နိုင်တာကြောင့် လူပေါင်းများစွာရဲ့ အားပေးမှုကို တစ်ခဲနက် ရရှိနေသူ ဖြစ်ပါတယ်။

အောင်ရဲထိုက်ကို ချစ်ကြတဲ့ ပရိသတ်တွေအတွက် အောင်ရဲထိုက်သီဆိုထားတဲ့ သီချင်းလေးတစ်ပုဒ်ကို မျှဝေပေးချင်ပါတယ်။ အောင်ရဲထိုက်က ထိုသီချင်းလေးကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ(၁၄) ချစ်သူများနေ့ အမှတ်တရအဖြစ် သီဆိုခဲ့တာပဲ ဖြစ်ပါတယ်။

အောင်ရဲထိုက်က ဝါရင့်အဆိုတော်ကြီး စိုင်းထီးဆိုင်ရဲ့ နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ "ချစ်တာတစ်ခုပဲသိတယ်" ဆိုတဲ့ သီချင်းလေးကို ပြန်လည်ခံစား သီဆိုခဲ့တာ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် အောင်ရဲထိုက်ရဲ့ "ချစ်တာတစ်ခုပဲသိတယ်" သီချင်းလေးကို မျှဝေပေးလိုက်ပါတယ်နော်။

အောင်ရဲထိုက် - ချစ်တာတစ်ခုပဲသိတယ်

အောင်ရဲထိုက်ရဲ့ အသံနဲ့ သီချင်းလေးက တော်တော်လေး လိုက်ဖက်တယ်နော်။ ပရိသတ်ကြီးလဲ အောင်ရဲထိုက် သီဆိုထားတဲ့ "ချစ်တာတစ်ခုတည်းသိတယ်" သီချင်းလေးကို သဘောကျကြိုက်နှစ်သက်ကြမယ်ထင်ပါတယ်။ ဒီပိုစ့်လေးကို သဘောကျကြိုက်နှစ်သက်ရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowea
Source: The Creator Studio Entertainment

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။