လူမျိုးမတူ၊ ဘာသာမတူတဲ့ မမကို အရမ်းချစ်တဲ့အကြောင်း ထုတ်ပြောလာတဲ့ Nick Jonas

Posted on - Oct 18 []

Myint Myat

စာရေးသူ

တစ်ကမ္ဘာလုံးက ပရိသတ်တွေက စိတ်ဝင်တစား စောင့်ကြည့်နေကြတဲ့ အမေရိကန် အဆိုတော် Nick Jonas နဲ့ အိန္ဒိယ အဆိုတော် မင်းသမီးချောလေး Priyanka Chopra တို့ ဇနီးမောင်နှံနှစ်ဦးရဲ့အချစ်ရေးကတော့ အားကျဖို့ကောင်းလောက်အောင် ပျော်ရွှင်ကြည်နူးစရာ ကောင်းလွန်းလှပါတယ်။ လတ်တလောမှာတော့ Nick Jonas က သူ့ထက် အသက် ၁၀ နှစ်ကြီးတဲ့ မမဖြစ်တဲ့ ဇနီးချောလေး Priyanka ကို အရမ်းလေးစားပြီး ချစ်တဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးလိုက်တာ တွေ့ရပါတယ်။ အချစ်စစ်မှာ အသက်အရွယ်၊ အသားအရည်၊ လူမျိုး၊ ဘာသာရေးတွေ ဘာတစ်ခုမှ မလိုအပ်ကြောင်း ပြသလိုက်တဲ့ Nick Jonasနဲ့ Priyanka Chopra တို့စုံတွဲလေးကတော့ အရမ်းကို လိုက်ဖက်ညီလွန်းလှပါတယ်နော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် အိန္ဒိယနိုင်ငံရဲ့ဘာသာရေးပွဲတစ်ခုဖြစ်တဲ့ Karva Chauth ပွဲကို ချစ်ဇနီးလေးနဲ့ အတူဆင်နွှဲရင်း သူမကို ဘယ်လောက်တန်ဖိုးထားပြီးချစ်ကြောင်း ထုတ်ပြောလာတဲ့ Nick Jonas ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

Nick Jonas ကတော့ "ကျွန်တော့်ရဲ့အမျိုးသမီးက အိန္ဒိယပါ။ သူမက ဟိန္ဒူလူမျိုးဖြစ်ပြီး အရာရာမှာ ထူးချွန်တဲ့အမျိုးသမီးတစ်ယောက်။ ကျွန်တော့်ကိုလည်း သူမတို့ရဲ့ယဉ်ကျေးမှုနဲ့ ဘာသာတရားအကြောင်း အများကြီး သင်ပေးသေးတယ်။ သူမကို ကျွန်တော် အရမ်းချစ်တယ်။ လေးလည်း လေးစားတယ်။ ကျွန်တော်တို့နှစ်ယောက် ပျော်ရွှင်တဲ့ဘဝလေးထဲမှာ အတူတူဖြတ်သန်းနေကြတာကို အားလုံးလည်း မြင်နိုင်မှာပါ။ အားလုံးပဲ ပျော်ရွှင်စရာ Karva Chauth လေးပါ" "My wife is Indian. She is Hindu, and she is incredible in every way. She has taught me so much about her culture and religion. I love and admire her so much, and as you can see we have fun together. Happy Karva Chauth to everyone!" ဆိုပြီး သူ့ထက် အသက်ဆယ်နှစ်ကွာတဲ့ အိန္ဒိယနိုင်ငံသူလေး ကို ဘယ်လောက်ထိ တန်ဖိုးထားကြောင်း ပြောခဲ့တာပါ။

ကမ္ဘာကျော် စုံတွဲဖြစ်တဲ့ Nick Jonas နဲ့ Priyanka Chopra တို့နှစ်ဦးကတော့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် သြဂုတ်လ မှာ စေ့စပ်ခဲ့ကြတာဖြစ်ပြီး၊ ဒီဇင်ဘာလမှာတော့ လက်ထပ်ပွဲ ဆင်နွှဲခဲ့ကြတာဖြစ်ပြီး အခုဆိုရင် အိမ်ထောင်သက် တစ်နှစ်ပြည့်တော့မှာပဲ ဖြစ်ပါတယ်။

မိုမိုလေးချစ်ပရိသတ်တွေလည်း Nick Jonas နဲ့ ဇနီးဖြစ်သူ Priyanka Chopra Jonas တို့ ဇနီးမောင်နှံနှစ်ဦး ဒီထက်ပိုပြီး နားလည်မှုတွေများစွာနဲ့ ပိုပြီး ပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးခဲ့ကြပါဦးနော်။

Myint Myat
Source;Nick Jonas's Instagram

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။