သူ ဘာကြောင့်နုပျိုနေရသလဲဆိုတာ ပြောပြလာတဲ့ အေးမြတ်သူ

Posted on - Oct 18 []

Moe Kalay

စာရေးသူ

သရုပ်ဆောင် မင်းသမီးချောလေးတစ်ယောက်ဖြစ်တဲ့ အေးမြတ်သူ ဟာဆိုရင် သရုပ်ဆောင်မှုအပိုင်းမှာ အပိုအလိုမရှိတဲ့ သရုပ်ဆောင်ကွက်တွေနဲ့ ပရိသတ်တွေကို ဖျော်ဖြေတင်ဆင်ပေးခဲ့တဲ့ သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့ရတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့ရတဲ့ အေးမြတ်သူ ရဲ့ အလှ ပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

သရုပ်ဆောင် အေးမြတ်သူက စစ်ကားရုပ်ရှင်ကားကြီးကို သရုပ်ဆောင်နေတိုး၊ ကျော်ကျော်ဗို၊ ထူးအောင် ၊ အနုပညာရှင်များစွာနဲ့အတူ သရုပ်ဆောင်ရိုက်ကူးမှာပဲ ဖြစ်ပါတယ်။သူမအပါအဝင် ၊ ထွန်းထွန်း၊ ရန်အောင် တို့နဲ့ ရိုက်ကူးထားတဲ့ တန်ဖိုးရုပ်ရှင် ဇာတ်ကားကြီးကလည်း စက်တင်ဘာလ (၁၂) ရက်နေ့မှာ ရုံတင်ပြသခဲ့ပြီး ပရိသတ်အားပေးမှုများစွာရရှိခဲ့ပါတယ်။

ဒီတစ်ခါမှာတော့ အေးမြတ်သူက လူငယ်ဆန်ဆန် နုပျိုပြီးလှပနေတာပဲ ဖြစ်ပြီး အေးမြတ်သူက သူမနုပျိုလှပနေတာက အချစ်​ကြောင့် နုပျို​နေတာဆိုပြီးခုလို ပြောထားပါတယ်။

အေးမြတ်သူ က " မဂ်လာပါရှင် ဒီ​နေ့ မိတ်ကပ်​လေး အ​ကြောင်း​ပြောချင်တယ်ရှင့် ....မမြတ်​လေးတို့ အသက်လေးကြီးလာတဲ့မိန်းမ​တွေက ပိုပိုနုပြီးငယ်ချင်လာကြတယ် ... ဒါဆို မိန်းခ​လေးမိတ်ကပ်​တွေလျော့ရမယ် ... မျက်​တောင်တုထူထူကြီး​တွေမတပ်သင့်​တော့ဘူး....မျက်ခုံးထူထူကြီး​တွေမဆွဲသင့်​တော့ဘူး....မမြတ်​လေးဆို ခု​နောက်ပိုင်း မိတ်ကပ်​တွေ ​လျော့ပြီးလိမ်းနေတာ ...အရင်ထပ်ပိုနုတဲ့အသွင်အပြင်​လေး​တွေဖြစ်​နေတယ် ဟုတ် ....စကားမစပ် ..... မမြတ်​လေး အချစ်​ကြောင့် နုပျို​နေတာလည်းပါတာ​ပေါ့ 😁😁😁 ချစ်ရသူ​တွေရဲ့ ချစ်ခြင်း​​မေတ္တော​တွေ​ကြောင့် နုပျိုလှပ​​နေပါသည်​ရှင့်" ဆိုပြီးသူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးထားပါတယ်။

အေးမြတ်သူ ရဲ့ ပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပရိသတ်ကြီးလည်း အေးမြတ်သူ ရဲ့ ပွဲတက်ပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ်ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Moekalay
Source;aye myat thu

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။