နိုင်ငံတကာက Celebrity တွေကြားမှာ ထင်ရှားလှပနေတဲ့ နေခြည်ဦး

Posted on - Oct 18 []

Rowena

စာရေးသူ

ချစ်စရာကောင်းပြီး သွက်လက်ချက်ချာ ထက်မြက်လွန်းတဲ့ မိန်းမချောလေး နေခြည်ဦးက Beauty Blogger တစ်ဦးအနေနဲ့ ရပ်တည်ခဲ့ပြီး နောက်ပိုင်းမှာတော့ ရုပ်ရှင်မင်းသမီးအဖြစ်ပါ အောင်မြင်လာတာ ဖြစ်ပါတယ်။ အားပေးသူ ပရိသတ် အခိုင်အမာ ရရှိထားတဲ့ နေခြည်ဦးဟာ အောင်မြင်တဲ့ အနုပညာရှင်၊ Influencer တစ်ဦးဆိုလည်း မမှားပါဘူး။ မိန်းကလေးတိုင်းရဲ့ စံပြဖြစ်နေအောင် နေထိုင်တဲ့ နေခြည်ဦးရဲ့ လှုပ်ရှားမှုတိုင်းကို ပရိသတ်တိုင်းက စိတ်ဝင်တစား စောင့်ကြည့်ကြပါတယ်။

ဒီနေ့မှာတော့ နေခြည်ဦးက ဘန်ကောက်မြို့မှာ သူမတက်ရောက်ခဲ့တဲ့ Kanebo The Exceptional event Dinner ပွဲလေးကို တက်ရောက်ခဲ့တဲ့ အမှတ်တရတွေကို အခုလိုပဲ မျှဝေဖော်ပြထားတာကို တွေ့ရပါတယ်။

နေခြည်ဦးက " ပွဲလေးကို အာရှနိုင်ငံတွေက influencer တွေ၊ celebrity တွေ လာကြတာဆိုတော့ စကားတွေပြောကြ၊ မိတ်ဆက်ကြနဲ့ တကယ်ပျော်စရာလည်းကောင်းတယ်။ နေခြည် တကယ်ကို enjoy ဖြစ်ခဲ့ပါတယ်။" ဆိုပြီး သူမရဲ့ ပျော်ရွှင်ခဲ့တဲ့ အမှတ်တရတွေကို ပြောပြလာပါတယ်။

ထို Kanebo ပွဲလေးကို နေခြည်ဦးနဲ့အတူတူ အကယ်ဒမီ ဝတ်မှုံရွှေရည်၊ မိတ်ကပ်မေဦး၊ မိတ်ကပ်လင်းလင်းတို့လည်း တက်ရောက်ပေးခဲ့ကြတာကို တွေ့ရပါတယ်။

မင်းသမီးချောလေး ဝတ်မှုံရွှေရည်နဲ့အတူတူ

နေခြည်ဦးကတော့ နိုင်ငံတကာက Celebrity တွေကြားမှာ ထင်ရှားလှပနေတာပဲနော်။ ပရိသတ်ကြီးလည်း နေခြည်ဦးရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: beautybynaychi

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။