ငူငူကြီး မလှုပ်မယှက် ရပ်နေတဲ့ပြိုင်ဘက်အသင်းကို ဂိုးတွေအချောင်သွင်းခဲ့တဲ့ မက္ကဆီကိုကလပ်အသင်းရဲ့လုပ်ရပ်

Posted on - Oct 19 []

Gunner Ksr

စာရေးသူ

မက္ကဆီကိုပြည်တွင်းလိဂ်က ဖြစ်ရပ်တစ်ခုကလည်း ဘောလုံးလောကအတွင်း ဒီရက်ပိုင်းမှာ လူပြောများနေခဲ့တာ ဖြစ်ပါတယ်။ မက္ကဆီကိုကလပ်ဗီရာခရက်ဇ်အသင်းနဲ့ တိုက်ဂါးအသင်းတို့ဟာ မနေ့က ပြည်တွင်းလိဂ်ပွဲစဉ်အဖြစ် ထိပ်တိုက်ရင်ဆိုင်ကစားခဲ့ကြပါတယ်။ အဲဒီပွဲစဉ်ဟာ အနည်းငယ် အငြင်းပွားဖွယ်ရာရှိခဲ့ပြီး တိုက်ဂါးအသင်းရဲ့စာနာမှုမရှိတဲ့လုပ်ရပ်က ဝေဖန်စရာဖြစ်ခဲ့ရပါတယ်။

ဗီရာခရက်ဇ်အသင်းကစားသမားတွေဟာ လစာမရသေးတာကြောင့် အသင်းကို သပိတ်မှောက်တဲ့အနေနဲ့ ပွဲအစ (၄) မိနစ်လောက်ကို မကန်ဘဲ ဒီအတိုင်း ကွင်းအတွင်းမှာရပ်ကာ ဆန္ဒပြခဲ့ကြပါတယ်။ အစောပိုင်းမှာ ဗီရာခရက်ဇ်အသင်းသားတွေရဲ့ အစီအစဉ်ကို တိုက်ဂါးအသင်းကလည်း သဘောတူခဲ့ပါတယ်။

ဒါပေမဲ့ (၁) မိနစ်ကျော်လာတဲ့နောက်ပိုင်းမှာတော့ တိုက်ဂါးအသင်းဟာ သူတို့ရဲ့ကတိကို စတင်ချိုးဖောက်ပြီး ဂိုး (၂) ဂိုးအထိ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ (၁) မိနစ် (၃၉) စက္ကန့်မှာ ပထမဂိုးကို သွင်းယူခဲ့ပြီး (၃) မိနစ် (၅၅) စက္ကန့်မှာတော့ ဒုတိယဂိုးသွင်းခဲ့တာပါ။

(၄) မိနစ်နောက်ပိုင်းမှာတော့ ဗီရာခရက်ဇ်ကစားသမားတွေဟာ ပွဲကိုပုံမှန်အတိုင်း ဆက်ကစားခဲ့ပါတယ်။ ဗီရာခရက်ဇ်အသင်းပိုင်ရှင်ကတော့ ဒီလုပ်ရပ်နဲ့ပတ်သက်ပြီး ကစားသမားတွေအပေါ် ဒေါသထွက်လျက်ရှိနေပြီး ဒါဟာပရိသတ်တွေကို မလေးစားတာလို့ ပြောကြားသွားခဲ့ပါတယ်။

အချောင်ဂိုးသွင်းခဲ့တဲ့တိုက်ဂါးအသင်း

Ref: Give Me Sport

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။