လီဗာပူးပွဲနဲ့ပတ်သက်ပြီး မန်ယူပရိသတ်တွေ လုံးဝထိရှသွားစေမယ့် စကားတစ်ခွန်း ခပ်ပြတ်ပြတ်ဆိုလိုက်တဲ့ မာတင်ကီအွန်

Posted on - Oct 19 []

Gunner Ksr

စာရေးသူ

မာတင်ကီအွန်ရဲ့စကားကတော့ မန်ယူပရိသတ်တွေကို လုံးဝထိရှသွားစေမှာပါ။ မန်ယူနဲ့ လီဗာပူးအသင်းတို့ဟာ ပရီးမီးယားလိဂ်ပွဲစဉ် (၉) အဖြစ် မန်ယူအသင်းရဲ့အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ထိပ်တိုက်ရင်ဆိုင်ကစားကြရမှာ ဖြစ်ပါတယ်။ ဒီပွဲစဉ်ဟာ နှစ်သင်းစလုံးအတွက် အရေးပါတဲ့ပွဲစဉ်တစ်ပွဲဖြစ်လို့ အကြိတ်အနယ်ရှိလွန်းမှာ အသေအချာပါပဲ။

လီဗာပူးအသင်းဟာ မန်စီးတီးကို (၈) မှတ်အထိဖြတ်ပြီး ဦးဆောင်ထားနိုင်ပေမယ့် ပေါ့ဆလို့မရဘဲ အမှတ်တွေရနိုင်သလောက် ခပ်များများ စုဆောင်းထားရမှာပါ။ ဖိအားတွေအောက်ရောက်နေတဲ့ မန်ယူအသင်းကတော့ ဒီပွဲမှာ လုံးဝရှုံးနိမ့်လို့ မရပါဘူး။

မန်ယူဟာ ဒီပွဲစဉ်မှာ ရှုံးနိမ့်သွားခဲ့မယ်ဆိုရင် တန်းဆင်းဇုန်နဲ့ အလွန်နီးစပ်တဲ့ အဆင့်ကို ကျရောက်သွားမှာဖြစ်ပါတယ်။ လက်ရှိအခြေအနေချင်းမှာတော့ မန်ယူနဲ့ လီဗာပူးတို့ကြား အဆင့်အတန်းချင်းတော်တော်လေးကွာခြားနေတာ တွေ့ရပါတယ်။

ပညာရှင်တွေအားလုံးကလည်း ဒီပွဲစဉ်နဲ့ပတ်သက်ပြီး လီဗာပူးပဲ အနိုင်ရမယ်လို့သုံးသပ်ထားကြတာပါ။ အာဆင်နယ်ဂန္ထ၀င်ဟောင်းမာတင်ကီအွန်ကလည်း ဒီပွဲစဉ်နဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်ကို ပြောကြားရာမှာတော့ မန်ယူပရိသတ်တွေအတွက် ထိရှစရာကောင်းခဲ့တာ ဖြစ်ပါတယ်။

"လက်ရှိအခြေအနေဟာ ကျွန်တော်တွေ့ဖူးသမျှ နှစ်ပေါင်း (၃၀) အတွင်းမှာ အဆိုးရွားဆုံးမန်ယူအသင်းပါပဲ။ တကယ်လို့ ဆိုးလ်ရှားကသာ ဒီတစ်ပတ်မှာ လီဗာပူးကို အနိုင်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့မယ်ဆိုင် ဒါဟာပရီးမီးယားလိဂ်ရဲ့ လုံးဝအကြီးမားဆုံးအံ့အားသင့်ဖွယ်ပွဲတစ်ပွဲဖြစ်လာမှာပါ"လို့ မာတင်ကီအွန်က ဆိုခဲ့တာပါ။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။