မြန်မာဆန်ပြီး ကျက်သရေရှိတဲ့ အလှတရားကို ပြသလိုက်တဲ့ ပန်းရောင်ခြယ်

Posted on - Oct 19 []

Myint Myat

စာရေးသူ

အဆိုတော်ကြီး ဂရေဟမ်ရဲ့ချစ်မဝတဲ့ သမီးကြီး ပန်းရောင်ခြယ်ကတော့ အများနဲ့မတူတဲ့ ဆံနွယ်ရှည်ကြီးတွေနဲ့ ကျက်သရေရှိတဲ့ မဟာဆန်ဆန်အလှတရားကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။လတ်တလောမှာတော့ ပန်းရောင်လေးက Yangon Hotel Expo 2019 ပွဲလေးကို မြန်မာဆန်ပြီး ကျက်သရေရှိတဲ့ ပွဲတက်ဝတ်စုံလေးနဲ့ အလှဆုံး တက်ရောက်ခဲ့တာ တွေ့ရပါတယ်။ နှစ်ခါပြန်ကြည့်ရင်တောင် မလုံလောက်နိုင်တဲ့ ပန်းရောင်ခြယ်လေးရဲ့အလှပုံရိပ်တွေကတော့ ပရိသတ်တွေရဲ့ရင်ကိ အေးချမ်းစေခဲ့တာ အမှန်ပါပဲနော်။

မိုမို​လေးချစ်​ပရိသတ်​တွေအတွက် အရမ်းကို ရိုးရှင်းပြီး ကျက်သရေရှိလွန်းတဲ့​ ပန်းရောင်ခြယ်ရဲ့ပုံရိပ်​တွေကို​ဖော်​ပြ​ပေးလိုက်​ပါတယ်​နော်​။

ပန်းရောင်ခြယ်က​တော့ "ဟိုးတုန်းကရန်ကုန် နဲ့ အခုရန်ကုန် 💚🎀 Yangon Hotel Expo 2019"ဆိုပြီး သူမရဲ့ အေးချမ်းလွန်းတဲ့ ပွဲတက်အလှပုံရိပ်​လေး​တွေကို​ဝေမျှ​ပေးထားတာပါ။

အသံလေးလည်းချိုမြိန်တဲ့အပြင် ရုပ်လေးကလည်း အေးချမ်းတဲ့ ပန်းရောင်လေးကတော့ တကယ့်ကို အဖိုးတန်ရတနာလေးပါပဲ။

ပန်းရောင်ခြယ်က​တော့ လတ်​တ​လောမှာ ဇာတ်ကားတွေလည်း ရိုက်​ကူးဖြစ်​နေပြီး၊ သီချင်းသစ်တွေလည်း ဖန်တီးရင်း တစ်​ခြား​သော အနုပညာအလုပ်​တွေ လုပ်​ဖြစ်​နေတာပါ။ သူမပါဝင်​သရုပ်​ဆောင်​ထားတဲ့ "လိပ်ပြာ" ဇာတ်လမ်းတွဲကလည်း ရုပ်သံလိုင်းတွေမှာ ပြသနေပြီပဲ ဖြစ်ပါတယ်။
မိုမိုလေးချစ်ပရိသတ်တွေလည်း ခေတ်လူငယ်ပေမယ့် ကျက်သရေရှိရှိ လှရက်လွန်းတဲ့ ပန်းရောင်ခြယ်လေးကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Pan Yaung Chel's Facebook
Photo:Phonn Photography

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။