လုံးဝလက်ဖျားခါချင်စရာကောင်းတဲ့ အမိုက်စား No-Look ပေးပို့မှုနဲ့ ဂိုးဖန်တီးမှုပြုလုပ်ခဲ့တဲ့ ရော်နယ်ဒင်ဟိုရဲ့အံ့မခန်းစွမ်းရည်

Posted on - Oct 19 []

Gunner Ksr

စာရေးသူ

ဘောလုံးလောကရဲ့မှော်ဆရာရော်နယ်ဒင်ဟိုကတော့ သူ့ရဲ့အလန်းစားစကေးကို ထပ်မံပြသသွားနိုင်ခဲ့တာ ဖြစ်ပါတယ်ရော်နယ်ဒင်ဟိုဟာဘောလုံးလောကရဲ့လုံးဝချန်ထားလို့မရတဲ့ဂန္ထ၀င်ကစားသမားတစ်ယောက်ဖြစ်ပြီး ဘောလုံးမှော်ဆရာအဖြစ်လည်း သတ်မှတ်ခံထားရသူပါ။ လှပညက်ညောတဲ့လှည့်ထွက်မှုတွေ၊ အလွန်ရင်သပ်ရှုမောဖွယ်ကောင်းတဲ့သွင်းဂိုးတွေ အမြောက်အများကိုလည်း ရော်နယ်ဒင်ဟိုတစ်ယောက် သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒင်ဟိုဟာ ဘောလုံးကမ္ဘာထဲ လုံးဝထွန်းလင်းတောက်ပခဲ့သူဖြစ်ပြီး ဘောလုံးသမားတွေအတွက် အမြင့်ဆုံးတစ်ဦးချင်းဆုတံဆိပ်ဖြစ်တဲ့ Ballon d'Or ဆုကိုလည်း (၂၀၀၅) ခုနှစ်မှာ ရရှိခဲ့သူဖြစ်ပါတယ်။ ရော်နုယ်ဒင်ဟိုဟာ အိန္ဒိယဖူဆယ်အသင်းမှာ ကစားပြီး ကစားသမားဘ၀ကို အဆုံးသတ်ခဲ့သူပါ။

ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ ရော်နယ်ဒင်ဟိုဟာ အက်သလက်နေစီယွန်အသင်းနဲ့ ကိုင်စီဒိုအသင်းတို့ ကစားခဲ့တဲ့ ချစ်ကြည်ရေးပွဲစဉ်မှာ ကိုင်စီဒိုအတွက် ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။ အဲဒီပွဲစဉ်မှာ အသက် (၃၉) နှစ်အရွယ် ရော်နယ်ဒင်ဟိုဟာ ငယ်မူငယ်သွေးပြခဲ့ပြီး ခြေစွမ်းကောင်းတွေကို လုံးဝပြသနိုင်ခဲ့တာပါ။

အထူးသဖြင့် ကိုင်စီဒိုအသင်း ရရှိခဲ့တဲ့ဂိုးတစ်ဂိုးအတွက် ရော်နယ်ဒင်ဟိုရဲ့ဖန်တီးမှုကတော့ တကယ့်ကိ ပြောင်မြောက်လွန်းခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒင်ဟိုဟာ ပြိုင်ဘက်ကစားသမားတွေ ရှုပ်နေတဲ့ကြားက အလန်းစား No-Look ပေးပို့မှုနဲ့ ဖန်တီးပြခဲ့တာ ဖြစ်ပါတယ်။ တကယ့်ကို ရင်သပ်ရှုမောဖွယ်ရာကောင်းတဲ့ ရော်နယ်ဒင်ဟိုရဲ့အလန်းစားစကေးပါပဲ။

ရော်နယ်ဒင်ဟိုရဲ့ အလန်းစား N0-Look ပေးပို့မှု

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။