မန်ယူနဲ့ကန်ရတော့မှာကို အေးရာအေးကြောင်း ဘတ်စကတ်ဘော ဆော့နေတဲ့ လီဗာပူးကစားသမားတွေရဲ့မခန့်တဲ့လုပ်ရပ်

Posted on - Oct 19 []

Gunner Ksr

စာရေးသူ

လီဗာပူးကစားသမားတွေကတော့ မန်ယူနဲ့မတိုင်ခင်မှာ အေးရာအေးကြောင်း ဘတ်စကတ်ဘောတောင် ဆော့နေပါသတဲ့။ မန်ယူနဲ့ လီဗာပူးအသင်းတို့ဟာ ပရီးမီးယားလိဂ်ပွဲစဉ် (၉) အဖြစ် မန်ယူအသင်းရဲ့အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ထိပ်တိုက်ရင်ဆိုင်ကစားကြရမှာ ဖြစ်ပါတယ်။ ဒီပွဲစဉ်ဟာ နှစ်သင်းစလုံးအတွက် အရေးပါတဲ့ပွဲစဉ်တစ်ပွဲဖြစ်လို့ အကြိတ်အနယ်ရှိလွန်းမှာ အသေအချာပါပဲ။

လက်ရှိအခြေအနေချင်းမှာတော့ မန်ယူနဲ့ လီဗာပူးတို့ကြား အဆင့်အတန်းချင်းတော်တော်လေးကွာခြားနေတာ တွေ့ရပါတယ်။ ပညာရှင်တွေအားလုံးကလည်း ဒီပွဲစဉ်နဲ့ပတ်သက်ပြီး လီဗာပူးပဲ အနိုင်ရမယ်လို့သုံးသပ်ထားကြတာပါ။

လီဗာပူးဟာ လက်ရှိမှာ စိတ်ဓာတ်၊ ယုံကြည်မှုပိုင်း အစစ၊ အရာရာ ယုံကြည်ချက်ပြင်းစွာနဲ့ ရာနှုန်းပြည့်နိုင်ပွဲရယူပြီး ရှေ့ဆက်နေတဲ့အသင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် လီဗာပူးကစားသမားတွေဟာ မန်ယူနဲ့ပွဲအတွက် ယုံကြည်ချက်ပြင်းထန်နေတဲ့ပုံရိပ်တွေကိုလည်း တွေ့မြင်နေရပါတယ်။

အောက်တိုဘာ (၁၇) ရက်နေ့မှာတော့ လီဗာပူးအသင်းဟာ သူတို့ရဲ့တရားဝင် Twitter ကနေတစ်ဆင့် လေ့ကျင့်ရေးကွင်းမှာ ကစားသမားတွေအနေနဲ့ ပေါ့ပါးလွတ်လပ်စွာ ဘတ်စကတ်ဘောဆော့နေတဲ့ပုံရိပ်တွေကို တင်ခဲ့တာ ဖြစပါတယ်။

အဲဒီဓာတ်ပုံတွေကို တွေ့မြင်ပြီးနောက်မှာတော့ ပရိသတ်တွေက မန်ယူအသင်းကို လှောင်ပြောင်ခဲ့ကြတာပါ။ "လီဗာပူးကစားသမားတွေက လေးစားမှုလုံးဝမရှိဘူး။ မန်ယူနဲ့ကန်ရတော့မှာ လေ့ကျင့်ခန်းမလုပ်ဘဲ ဘတ်စကတ်ဘောတောင် ဆော့နေလိုက်သေးတယ်" "မန်ယူနဲ့ကန်ရမှာဆိုတော့ လီဗာပူးကစားသမားတွေ လေ့ကျင့်ခန်းတောင် မဆင်းတော့ဘူး" "လီဗာပူးက ဘတ်စကတ်ဘောကစားနေရင်တောင် မန်ယူကို သာသာယာယာ အနိုင်ကန်နိုင်တယ်"စသဖြင့် မှတ်ချက်မျိုးစုံရေးသားကာ ဝေဖန်ခဲ့ကြတာပါ။

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။