ပန်းနုရောင် မြန်မာဝတ်စုံလေးနဲ့ တောက်ပပေါ်လွင်စွာ လှနေတဲ့ အိန္ဒြာကျော်ဇင်

Posted on - Oct 19 []

Rowena

စာရေးသူ

နိုင်ငံကျော် မင်းသမီးတစ်ဦးဖြစ်တဲ့ အိန္ဒြာကျော်ဇင်က အလှမယ်ဘဝကနေ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီးနောက် အခုဆိုရင် အကယ်ဒမီဆုကြီး များစွာကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်က ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ပြေတီဦးနဲ့ အိမ်ထောင်ကျပြီး ချစ်စရာကောင်းတဲ့ သားနဲ့ သမီး နှစ်ယောက်ကို မွေးဖွားထားတာပဲ ဖြစ်ပါတယ်။

အိန္ဒြာကျော်ဇင်က လက်ရှိမှာတော့ ပွဲတက်တွေနဲ့ ကြော်ငြာတွေကို လက်ခံရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်အတွက် အိန္ဒြာကျော်ဇင်ရဲ့ လတ်တလော မင်္ဂဆောင်အခမ်းအနားတစ်ခုကို တက်ရောက်ခဲ့တဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

အိန္ဒြာကျော်ဇင်ကတော့ ပန်းနုရောင် မြန်မာဝတ်စုံလေးနဲ့ နံဘေးနားကလူတွေတောင် ငေးမောရလောက်တဲ့အထိ အလှကြီး လှနေတာကို တွေ့ရပါတယ်။ မိုမိုလေး ပရိသတ်တွေလည်း နတ်မိမယ်လေး အိန္ဒြာကျော်ဇင်ရဲ့ ပွဲတက်ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်၊

အိန္ဒြာကျော်ဇင်ကတော့ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ကြော်ငြာတွေကို လက်မလည်အောင် ရိုက်ကူးနေရသလို သူမရဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကိုလည်း အာရုံစိုက် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

အိန္ဒြာကျော်ဇင်ကတော့ ဘယ်အချိန်ကြည့်ကြည့် အားလုံးကြားမှာ ထင်ရှား လှပနေတာပဲနော်။ ပရိသတ်ကြီးလည်း အိန္ဒြာကျော်ဇင်ရဲ့ ပွဲတက်ပုံရိပ်တွေကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။

Rowena
Source: Eaindra Kyaw Zin's fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။