ဘာသာစကား (၄) မျိုးကို ကျွမ်းကျင်စွာပြောတတ်ပုံနဲ့ ပတ်သတ်ပြီးပြောပြခဲ့တဲ့ Red Velvet အဖွဲ့ဝင် Wendy

Posted on - Jan 12 []

Mia Zin

စာရေးသူ

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးအမျိုးသမီး Idol အဖွဲ့ဖြစ်တဲ့ Red Velvet ရဲ့ အဖွဲ့ဝင်ဖြစ်သူ Wendy ဟာ ရုပ်ချောပြီး အသံကောင်းယုံသာမကပဲ ဥာဏ်ပညာလည်းထက်မြက်တဲ့ idol တစ်ယောက် ဖြစ်ပါတယ်။ ပညာရပ်တစ်ခုကို သင်လွယ်၊ တတ်လွယ်သူဖြစ်တဲ့ သူမဟာ ဘာသာစကား ၄ မျိုးကို ကျွမ်းကျင်စွာပြောတတ်သူတစ်ယောက်လည်း ဖြစ်ပါသေးတယ်။

သူမအနေနဲ့ ဘာသာစကား ၄ မျိုးကို ကျွမ်းကျင်ပိုင်နိုင်စွာပြောတတ်မှုနဲ့ ပတ်သတ်ပြီး MBC ရုပ်သံဌာနရဲ့ Daehan Foreigner ဆိုတဲ့ အစီအစဉ်မှာ ပြောပြခဲ့ပါတယ်။ သူမဟာ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတဟောင်းတစ်ဦးဖြစ်သူ ဘားရက်အိုဘားမားရဲ့ အသိအမှတ်ပြုဆုကို ရရှိခဲ့ဖူးသူဖြစ်တာကြောင့် အစီအစဉ်မှာ သူမရရှိခဲ့တဲ့ အသိအမှတ်ပြုလက်မှတ်တွေနဲ့ ပတ်သတ်ပြီးပြောခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ သူမအနေနဲ့ တတ်မြောက်တဲ့ဘာသာစကားက ၄ ခုရှိကြောင်းကိုလည်းပြောခဲ့ပြီး ထိုဘာသာစကား ၄ မျိုးကို သင်ယူဖြစ်ခဲပုံနဲ့ပတ်သတ်ပြီးလည်း "ကိုရီးယားစကားနဲ့ အင်္ဂလိပ်စကားကတော့ ကျွန်မ ပြောနေကျစကားတွေပေါ့။ ဒါတွေအပြင် ပြင်သစ်နဲ့ စပိန်စကားကိုလည်း ကျွန်မကောင်းကောင်းသင်ယူခဲ့ပါတယ်" လို့ဆိုကာ ဖွင့်ဟခဲ့ပါတယ်။

ဘယ်လိုမျိုးသင်ယူဖြစ်ခဲ့သလဲဆိုတာကိုတော့ "ဒါတွေက ကျွန်မငယ်ငယ်ကတည်းက သင်ခဲ့ရတာတွေဆိုတော့ ဒီဘာသာစကားတွေကို ပြောတာနဲ့ပတ်သတ်ပြီး ကြောက်စိတ်မရှိပါဘူး။ ဂိမ်းဆော့နေတယ်လို့ပဲ ခံစားရတယ်။ ဒီလိုမှပဲ ဒါတွေကို မြန်မြန်တက်မြောက်မှာလေ" လို့ဆိုကာ ဘာသာစကားသင်ယူမှုကို ဂိမ်းကစားပွဲတစ်ခုလိုပဲ သတ်မှတ်ထားကြောင်း ပြောခဲ့ပါတယ်။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။