ဆလီနာရဲ့သီချင်း အသစ်မှာ ဂျက်စတင်နဲ့ အကြောင်းတွေရေးသားထားလို့ တုန့်ပြန်လိုက်တဲ့ ဟေလီ

Posted on - Oct 26 []

Tun Htet Aung

စာရေးသူ

အောက်တိုဘာ ၂၃ ရက်နေ့က ဆယ်လီနာရဲ့သီချင်းသစ် `` Lose You To Love Me ´´ ထွက်ရှိခဲ့ပါတယ် ။

ဆလီနာရဲ့သီချင်းထွက်ပြီး နာရီပိုင်းအကြာမှာပဲဟေလီက သူမရဲ့ IG မှာ post တစ်ခုတင်ခဲ့ပါတယ်။ဟေလီတင်ခဲ့တဲ့ post ကတော့ Summer Walker သီဆိုထားတဲ့ `` I Will Kill You ´´ သီချင်းကို screenshot ရိုက်ပြီး တင်ခဲ့တာပါ ။

အဲ့သီချင်းထဲမှာပါတဲ့ စာသားအချို့ကတော့ ``မင်းပြဿနာမရှာချင်ပါနဲ့ ၊ ငါတို့နှစ်ယောက်ကြားထဲ ဝင်ချင်တာလား၊ အဆုံးသတ်လှမှာမဟုတ်ဘူးနော်။ ပြီးတော့ချစ်သူကငါ့အတွက်ပဲ ငါ့ဘဝအတွက် အကောင်းဆုံး လူပဲ။ အဲ့ဒါကိုသူတို့သိအောင်ပြောလိုက်ရင်ကောင်းမယ်´´ ဆိုပြီးပါဝင်ပါတယ်။

အဲ့ post ဟာ ဆလီနာကို ပြောတာဖြစ်လို့ ဆလီနာပရိသတ်တွေက ပြောဆိုခဲ့ပါတယ်။ အဲ့လို သတင်းတွေထွက်လာပြီးနောက်မှာ ဟေလီ ကဖြေရှင်းဖို့ကြိုးစားခဲ့ပါတယ်။ Jared ဆိုသူရဲ့ post အောက်မှာ
``ဒီလို အဓိပ္ပါယ်မရှိပြောတာတွေ ရပ်လိုက်ပါတော့။ ဘာတုံ့ပြန်မှုမှလုပ်တာမဟုတ်ပါဘူး ဒီကိစ္စက တကယ် Bull Shit ပဲ´´လို့ဝင်ရောက်ရေးသွားတာပါ။

နောက်တော့ဟေလီက သူမရဲ့ comment ကိုပြန်ဖျက်သွားခဲ့ပေမယ့် screenshot တွေနဲ့တကွပြန်တက်လာခဲ့ပါတယ်။ဆလီနာကလည်း သူမခံစားချက်တွေကိုသီချင်းလုပ်ရေးသားထားတာဖြစ်ပြီး ဟေလီကလည်းသူ့ခင်ပွန်း ကိုစိတ်မချဖြစ်နေတာပါ။ ဆလီနာကတော့ သီချင်းနောက်တပုဒ်ပါထပ်ထုတ်ခဲ့ပြီး `` Look at her now´´ ဖြစ်ပါတယ်။ ဘယ်လိုသတင်းတွေထပ်ထွက်လာဦးမလဲ ဆိုတာစောင့်ကြည့်ရမှာပါ။

Source; Twitter
Timothy(Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။