ဟယ်ရီပေါ်တာ မင်းသမီးလေး အမ်မာဝပ်ဆန်ရဲ့ လက်တလောအချစ်ရေး

Posted on - Oct 27 []

Tun Htet Aung

စာရေးသူ

နာမည်ကျော် ဟယ်ရီပေါ်တာမင်းသမီးချောလေး အမ်မာဝပ်ဆန်ကိုမသိတဲ့သူမရှိပါဘူး။ ဟယ်ရီပေါ်တာဇာတ်လမ်းတွေထဲမှာ ဟာမိုနီဂရမ်ဂျာဆိုတဲ့ ဇာတ်ကောင်အဖြစ်လူသိများကြပါတယ်။

အမ်မာကို ၁၉၉၀ ခုနှစ်၊ ဧပြီလ မှာမွေးဖွားခဲ့ပြီး အခုဆိုအသက် ၂၉ ရှိပါပြီ။ အမ်မာဟာ ၁၉၉၉ ခုနှစ်လောက်ထဲက အနုပညာလောကထဲရောက်ရှိခဲ့တာဖြစ်ပြီး ၂၀၀၁ ခုနှစ်ကစလို့ ဟယ်ရီပေါ်တာဇာတ်လမ်းတွေနဲ့ တစ်ကမ္ဘာလုံးက ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုရရှိခဲ့ပါတယ်။

ဟယ်ရီပေါ်တာ အပြင်တခြား ရုပ်ရှင်ဇာတ်လမ်း များစွာကိုလည်းရိုက်ကူးခဲ့တဲ့ အမ်မာဟာ ၂၀၁၇ ခုနှစ်က Beauty And The Beast နဲ့ The Circle ဇာတ်လမ်းတွေ မှာအဓိက သရုပ်ဆောင်အဖြစ်ပါဝင်ထားပါတယ်။

၂၀၁၉ ခုနှစ်ရဲ့ Little Woman ဇာတ်လမ်းထဲမှာလည်း အမ်မာကိုမြင်တွေ့ရဦးမှာပါ။သူရဲ့အနုပညာလှုပ်ရှားမှုတွေလိုပဲ သူ့အချစ်ရေးကိုလည်း ပရိသတ်တွေနဲ့မီဒီယာတွေက စိတ်ဝင်စားကြပါတယ်။

အခုအချိန်မှာတော့ မင်းသမီးချောလေး အမ်မာဟာ ဟယ်ရီပေါ်တာဇာတ်လမ်းထဲက သရုပ်ဆောင် မင်းသားချော တွမ်ဖဲလ်တန် နဲ့တွဲခုတ်နေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ တွမ်ဟာ ဟယ်ရီပေါ်တာဇာတ်လမ်းထဲမှာ မက်ဖွိုင်းအဖြစ်သရုပ်ခဲ့သူပါ။ သူတို့နှစ်ယောက်သတင်းဟာ ထွက်ပေါ်နေခဲ့တာအတော်ကြာပြီဖြစ်သော်လည်း အခုရက်ပိုင်းမှာတော့ အတည်ဖြစ်သွားပြီဆိုတဲ့ သတင်းတွေထွက်ပေါ်လာပါတယ်။

Source; Twitter
Timothy(Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။