Supernatural မင်းသားချော ဆမ်ဝင်ချက်စတာ ဖမ်းဆီးထိန်းသိမ်းခံရ

Posted on - Oct 28 []

Tun Htet Aung

စာရေးသူ

Supernatural ဇာတ်လမ်းတွဲနဲ့ တကမ္ဘာလုံးကပရိသတ်ရဲ့ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ မင်းသားချော ဂျဲရတ်ဒ် ကတော့ဒီကနေ့မှာပဲ ရဲတွေ ရဲ့ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရပါတယ်။

အမေရိကန်ပြည်ထောင်စု တက်ဆက်စ်ပြည်နယ်က Stereotype ဆိုတဲ့ အရက်ဘား တစ်ခုမှာ ရန်ဖြစ်ခဲ့လို့ ဖမ်းဆီးခြင်းခံထားရပါတယ်။ သွားရောက်ဖမ်းဆီးချိန်မှာတော့ ဂျဲရတ်ဒ်ဟာ အရက်မူးနေခဲ့တာဖြစ်ပြီး အတော်လေးကို သောင်းကျန်းနေခဲ့တာပါ။

မှတ်တမ်းတွေအရတော့ ဂျဲရတ်ဒ်ဟာ အရက်မူးပြီး Bartender မျက်နှာကို ထိုးခဲ့တဲ့အပြင် ဘားမန်နေဂျာကိုလည်း လည်ပင်းကိုလက်တွေနဲ့ နပန်းသတ်သလိုချုပ်ထားခဲ့ပါတယ်။ Supernatural ပရိသတ်တွေကတော့ ဂျဲရတ်ဒ် ဟာဇာတ်လမ်းတွေထဲကလို မကောင်းဆိုးဝါး တွေလို့မြင်ပြီးတိုက်ခိုက်နေတဲ့ပုံစံ ဆိုပြီးစနောက်ပြောဆိုနေကြပါတယ်။

လာရောက်ဖမ်းဆီးတဲ့ရဲတွေ ရောက်လာတော့လည်း အဖမ်းမခံရခင် ရဲတွေအပေါ်ကို ပိုက်ဆံအထပ်လိုက်ဆွဲထုတ်ပြီး အဲ့ဒီ ရဲတွေအပေါ်ကိုကြဲချခဲ့ပါသေးတယ်။ Stereotype bar နဲ့ ဂျဲရတ်ဒ် ကြားမှုဆက်နွယ်မှုတစ်ခုရှိတယ်လို့ ယူဆရပြီး ဂျဲရတ်ဒ်ဟာ ပိုင်ရှင်လား ရှယ်ယာ ဝင်ထားတာလားဆိုတာတော့ မသေချာသေးပါဘူး။ အဆိုပါရန်ပွဲအတွက် ဂျဲရတ်ဒ်ဟာ ဒေါ်လာ ၁၅၀၀၀ ပေးဆောင်ရမှာဖြစ်ပြီး အခုချိန်ထိ လူကိုဆက်ထိန်းသိမ်းထားခြင်း ရှိမရှိကိုတော့ သေချာမသိရသေးပါဘူး။

ဘာပဲဖြစ်ဖြစ် သူလည်းလူသားဖြစ်တဲ့အတွက် စိတ်ညစ်တဲ့အချိန်တွေတော့ ရှိမှာပါပဲ။ နောက်ကွယ်ကပြဿနာကို သေချာမသိရပေမယ့် သူ့ရဲ့ပရိသတ်တွေကတော့ စိတ်ပူနေကြပါတယ်။

Ref; Supernatural fan page
Timothy(Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။