Jennie အပေါ်စိတ်ဝင်စားမှုကို ပြသခဲ့တဲ့ Harry Styles

Posted on - Oct 28 []

Tun Htet Aung

စာရေးသူ

Korea K-pop မိန်းကလေး အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Blackpink အဖွဲ့က Jennie အပေါ်စိတ်ဝင်စားမှုကို Harry Styles ကပြသလိုက်တာပါ။

One direction အဖွဲ့နဲ့ တစ်ကမ္ဘာလုံးရဲ့အားပေးချစ်ခင်မှုကိုရရှိလာခဲ့တဲ့ One direction အဖွဲ့ဝင် Harry ကတော့သူ့ရဲ့ အင်စတာဂရမ် အချိန်အတော်ကြာ active မဖြစ်ရာကနေ Jennie တင်ခဲ့တဲ့ post တစ်ခုကို like လုပ်ခဲ့တာဖြစ်ပါတယ်။

Harry Styles ရဲ့အကောင့်ဟာ active မဖြစ်တာကြာပြီမို့ Jennie ရဲ့ post ကို like လုပ်ခဲ့ရမှာတော့ ပရိသတ်တွေ အလျင်အမြန်သိရှိသွားခဲ့ကြတာဖြစ်ပါတယ်။

Harry ဟာ Fashion ကိုစိတ်ဝင်စားတဲ့သူဖြစ်တာကြောင့် Jennie post ကို like လုပ်ခဲ့တာဟာ အံ့သြစရာတော့မဟုတ်ပါဘူး။

Jennie ဟာ Chanel ရဲ့ brand ambassador တစ်ဦးဖြစ်ပြီး Harry Styles ကတော့ Gucci ရဲ့ brand ambassador တစ်ဦးဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် သူတို့ပရိသတ်တွေကတော့ သူတို့နှစ်ယောက်အကြောင်းကို စိတ်ဝင်စားနေကြပါတယ်။

Ref; Twitter
Timothy(Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။