မိသားစုအေးဆေးနားဖို့ အိမ်မှာ မြက်ခင်းဒီဇိုင်းနဲ့အလှဆင်ထားတဲ့နေရာလေးကို ချပြလိုက်တဲ့ စမိုင်းလ်

Posted on - Nov 2 []

Moe Kalay

စာရေးသူ

နိုင်ငံကျော် သရုပ်ဆောင် မင်းသမီး စမိုင်လ်းဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ သူလေးပါ။ သူမက ချစ်စရာကောင်းတဲ့ မိသားစုနဲ့အတူ ဘဝကိုပျော်ရွှင်အေးချမ်းစွာဖြတ်သန်းနေကြတာပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ စမိုင်းလ် က သူမတို့အိမ်မှာ အနားယူဖို့ မြက်ခင်းနဲ့ ပြင်ဆင်ထားတဲ့ ခမ်းနားလှပတဲ့အခန်းချပြလိုက်တဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဒီတစ်ခါမှာတော့ စမိုင်းလ် က " မိသားစုလေးနဲ့အေးအေးဆေးဆေးနားဖို့အတွက် စီစဉ်ထားတာလေး ..
မျက်လုံးအေးစေမဲ့အပင်လေးတွေများများထည့်ထားတယ် " ဆိုပြီးပြောထားပါတယ်။

စမိုင်းလ် က သူမရဲ့ အိမ်မှာ မိသားစု အေးအေးဆေးဆေး အနားယူဖို့အတွက် မြက်ခင်းများနဲ့ အလှဆင်ထားတဲ့ ခမ်းနားလှပတဲ့ သူမရဲ့ အခန်းလေးတွေကို ချပြလိုက်တာပါ။

တစ်ချိန်က စမိုင်းလ် တို့ဇနီးမောင်နှံ က ဘဝကို ခက်ခက်ခဲခဲ ကြိုးစား ရုန်းကန်ခဲ့ရပြီး ခုချိန်မှာဆိုရင် အေးချမ်းသာယာပြီး လူတိုင်းအားကျရတဲ့ အေးချမ်းသာယာတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားတာပါ။ စမိုင်းလ် က သူမတို့ ခုလို ချမ်းချမ်းသာသာ နေရတာက ဘုရားတရားကို အမြဲမမေ့ခဲ့တာကြောင့်လို့ ဖြေထားတာရှိသလို ခုနောက်ပိုင်းမှာ အလှူအဒါန်း များစွာကို လှူဒါန်းနေတာ တွေ့ရပါတယ်။

စမိုင်းလ် တို့ရဲ့ လှပခမ်းနားတဲ့ အိမ်ခန်းပုံရိပ်ကလေးတွေကို ဆက်လက်ကြည့်ရူပေးကြပါဦးနော်။

စမိုင်းလ်တို့ရဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။


Moekalay
Source;smile

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။