အစ်မဖြစ်သူ ဝတ်မှုံရွှေရည်နဲ့အပြိုင် အလှကြီးလှနေတဲ့ နဒီရွှေရည်ရဲ့ ပွဲတက်ပုံရိပ်

Posted on - Nov 3 []

Rowena

စာရေးသူ

နိုင်ငံကျော် မင်းသမီးချောလေး ဝတ်မှုံရွှေရည်က ဆယ်ကျော်သက်အရွယ်ကနေ အခုအချိန်ထိ အောင်မြင်မှုတွေများစွာ ဆွတ်ခူးရရှိထားတာ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က အသက်(၃၀) ကျော်သည့်တိုင် အိမ်ထောင်မပြုသေးပဲ အနုပညာလုပ်ငန်းတွေ လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က တစ်ကိုယ်တည်း အပျိုကြီးအဖြစ် မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ ပျော်ရွှင်စွာ နေထိုင်လျက်ရှိပါတယ်။

ဝတ်မှုံရွှေရည်နဲ့ အသက်ဆယ်နှစ်ကျော်ကွာတဲ့ ညီမလေး နဒီရွှေရည်ကတော့ Beauty Blogger တစ်ယောက်အဖြစ် ရပ်တည်နေပြီး အားပေးချစ်ခင်သူတွေကို ပိုင်ဆိုင်ထားပြီး အောင်မြင်မှု ရရှိနေတာ ဖြစ်ပါတယ်။

မနေ့က နိုဝင်ဘာလ (၂) ရက်နေ့မှာတော့ နဒီရွှေရည်က ရန်ကုန်မြို့ Juction Square Center မှာ ကျင်းပပြုလုပ်တဲ့ MDS ရဲ့ ဆိုင်သစ်ဖွင့်ပွဲ အခမ်းအနားကို တက်ရောက်ခဲ့တာ တွေ့ရပါတယ်။

MDS Juction Square Branch ဖွင့်ပွဲမှာ နဒီရွှေရည်နဲ့အတူတူ မင်းသမီးချောလေး ဝတ်မှုံရွှေရည်ကလည်း အတူတူ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် ဝတ်မှုံရွှေရည်နဲ့ နဒီရွှေရည်တို့ ညီအစ်မနှစ်ယောက်ရဲ့ ပွဲတက်ပုံရိပ်တွေကို မျှဝေပေးခဲ့တာ ဖြစ်ပါတယ်။

နဒီရွှေရည်က အိမ်ထောင်ကျပြီး ကလေးတစ်ယောက်မိခင်ဆိုပေမယ့် အစ်မဖြစ်သူနဲ့အပြိုင် လှပပြီး ချစ်စရာကောင်းနေတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ ညီအစ်မနှစ်ယောက်ရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်နော်။

Rowena
Source: Nadi Shwe Yi's fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။