ငယ်ငယ်ကတက်ခဲ့တဲ့ ကျောင်းတော်ကြီးဆီ ပြန်ရောက်ခဲ့တဲ့ မြတ်ရတနာကျော်

Posted on - Nov 3 []

Myint Myat

စာရေးသူ

ချစ်စရာကောင်းလွန်းလို့ ပရိသတ်တွေ အရမ်းချစ်ကြတဲ့ တောင်ကြီးသူလေး မြတ်ရတနာကျော်ကတော့ အခုဆိုရင် သူမကိုအရမ်းချစ်တဲ့ ခင်ပွန်းရယ်၊ ချစ်စရာကောင်းတဲ့ သမီးလေးရယ်နဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ဖန်တီးပုံဖော်ထားတာပဲ ဖြစ်ပါတယ်။ မြတ်ရတနာကျော်ကတော့ ကလေးအမေလို့တောင် မဆိုရက်နိုင်လောက်အောင် တစ်နေ့တစ်ခြား ပိုပိုလှလာတဲ့ မြတ်ရတနာကျော်ကတော့ လတ်တလောမှာ မွေးရပ်မြေသို့ရောက်ရှိနေတာဖြစ်ပြီး ငယ်ငယ်ကတက်ခဲ့တဲ့ ကျောင်းတော်ကြီးဆီ ပြန်ရောက်ခဲ့တဲ့ သူမရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ တစိမ့်စိမ့်ကြည့်လေ လှလေဖြစ်တဲ့ မြတ်ရတနာကျော်ရဲ့ပုံရိပ်လေးတွေကတော့ အရမ်းကို နူးညံ့လှပလွန်းပါတယ်နော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် ငယ်ငယ်ကတက်ခဲ့တဲ့ ကျောင်းကြီးဆီ ရင့်ကျက်တဲ့ အမျိုးသမီးတစ်ဉီးအဖြစ် ပြန်ရောက်ခဲ့တဲ့ မြတ်ရတနာကျော်ရဲ့ အလှပုံရိပ်တွေကို ​ဝေမျှပေးလိုက်ပါတယ်နော်။

မြတ်ရတနာကျော်ကတော့ "တစ်ခါက ကျောင်းတော်ကြီးဆီမှာ ♥️" ဆိုပြီး ငယ်ငယ်ကတက်ခဲ့တဲ့ ကျောင်းတော်ကြီးဆီ ပြန်ရောက်ဖြစ်ခဲ့တဲ့ သူမရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။

လှလို့ အကြိမ်ကြိမ်ကြွေမိရပါသော ချစ်စရာကောင်မလေး မြတ်…

မြတ်ရတနာကျော်ကတော့ ချစ်ရတဲ့ ခင်ပွန်းနဲ့ ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့က ထိမ်းမြားလက်ထပ်ခဲ့တာဖြစ်ပြီး အခုဆိုရင် သမီးလေး Scarlett ကိုပါ ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကိုချစ်စရာကောင်းတဲ့ Scarlett လေးရဲ့မေမေ မြတ်ရတနာကျော်ကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source:Myat Yadanar Kyaw’s Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။