သူ့လုပ်ရပ်သူ ယူကျုံးမရဖြစ်ကာ က မျက်ရည်တွေနဲ့ထွက်သွားခဲ့ရတဲ့ ဆွန်ဟောင်မင်ရဲ့ကြေကွဲစရာဖြစ်ရပ်

Posted on - Nov 4 []

Gunner Ksr

စာရေးသူ

စပါးတိုက်စစ်ကစားသမားဆွန်ဟောင်မင်ကတော့ သူ့လုပ်ရပ်သူ လုံးဝနောင်တရခဲ့တာတွေ့ရပြီး ယူကျုံးမရဖြစ်ကာ ကွင်းအတွင်းထဲကနေ မျက်ရည်စတွေနဲ့ ထွက်သွားခဲ့ရပါတယ်။ အဲဗာတန်နဲ့ စပါးတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၁၁) ကတော့ တကယ့်ကို အကြိတ်အနယ်ရှိစွာနဲ့ ပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်။ ဖိအားတွေအောက်ရောက်နေတဲ့ နှစ်သင်းရဲ့တွေ့ဆုံမှုဖြစ်လို့ တစ်သင်းနဲ့တစ်သင်း အမှားမခံတမ်း အပြန်အလှန် ကစားခဲ့တာ တွေ့ရပါတယ်။

ပွဲပြီးဆုံးချိန်မှာတော့ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့ပြီး ပွဲချိန် (၆၉) မိနစ်မှာ အလီက စပါးအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ပေမယ့် နောက်ဆုံးနာကျင်အချိန်ပိုမှာ တိုဆန်က အဲဗာတန်အတွက် အဖိုးတန် ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူပေးသွားခဲ့တာပါ။ ပွဲချိန် (၇၉) မိနစ်မှာ ဆွန်ဟောင်မင်တစ်ယောက် အထုတ်ပယ်ခံလိုက်ရတာလည်း စပါးအတွက် နစ်နာခဲ့ပါတယ်။

ဆွန်ဟောင်မင်ဟာ အဲဗာတန်ကွင်းလယ်လူအန်ဒရေဂိုမက်စ်ကို ဖျက်ထုတ်ခဲ့ရာမှာ သူ့ရဲ့ပုံစံက ကြမ်းတမ်းသွားခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ဖျက်ထုတ်မှုကြောင့် အန်ဒရေဂိုမက်စ်ဟာ ကြောက်စရာကောင်းလောက်အောင် ခြေထောက်ကျိုးသွားခဲ့ပါတယ်။

ဒါကြောင့် ဆွန်ဟောင်မင်ဟာ သူ့လုပ်ရပ်သူ လုံးဝနောင်တရတဲ့ပုံစံမျိုးကို တွေ့ခဲ့ရပြီး ကွင်းထဲကနေ ငိုကြွေးပြီး မျက်ရည်စတွေနဲ့ ထွက်ခွာသွားခဲ့ရပါတယ်။ ပြိုင်ဘက်အဲဗာတန်ကစားသမားတွေတောင် ဆွန်ဟောင်မင်ကို ၀ိုင်းဝန်းနှစ်သိမ့်ခဲ့ရခဲ့အထိ ဖြစ်ခဲ့ပါတယ်။

ဆွန်ဟောင်မင်ရဲ့ ကြေကွဲစရာဖြစ်ရပ်

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။