"ဘယ်တော့စားရမလဲ" မေးနေတဲ့သူတွေကို Date နဲ့တကွတိတိကျကျ ပြန်ဖြေလိုက်တဲ့ နေခြည်ဦး

Posted on - Nov 4 []

Moe Kalay

စာရေးသူ

ချောမောလှပပြီး ဆွဲဆောင်မှုရှိတဲ့ အလှတရားကို ပိုင်ဆိုင်ထားတတဲ့ Beauty Blogger နေခြည်ဦး ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ သူလေးပါ။ သူမရဲ့ ချစ်စရာအမူအယာလေးတွေနဲ့ စကားပြောရင် ဆွဲဆောင်မှုရှိရှိ ပြောတတ်တာကြောင့် သူမကို ချစ်တဲ့ ပရိသတ်အခိုင်အမာရရှိထားသူလေးပဲဖြစ်ပါတယ်။ နေခြည်ဦးက ခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီး ၇ ကား ကို ရိုက်ကူး ထားတဲ့ သရုပ်ဆောင် မင်းသမီးလေးဆိုလည်း မမှားပါဘူး ။ဒီတစ်ခါမှာတော့ မိုမိုလေးပရိသတ်တွေအတွက် သရုပ်ဆောင် နေခြည်ဦး က သူမဘယ်တော့စားရမလဲ မေးတဲ့သူတွေကို ပြန်ဖြေပေးလိုက်တဲ့အကြောင်း ဖော်ပြပေးလိုက်ပါတယ်နော်။

နေခြည်ဦးက သူမကို "ဘယ်တော့စားရမလဲ" မေးနေတဲ့သူတွေကို Date နဲ့တကွတိတိကျကျခုလို ပြန်ဖြေခဲ့ပါတယ်။ " ဘယ်တော့စားရမလဲဆိုတော့၂၀၂၀ January ၂၅ ရက်နေ့" ဆိုပြီးပြောခဲ့ပါတယ်။

နေခြည်ဦး ပြောတဲ့ ၂၀၂၀ January ၂၅ ရက်နေ့ ဆိုတာက သူမရဲ့ မွေးနေ့လေးပါ။ " မွေးနေ့အဲ့ဒါမွေးနေ့ဘဲ အဲ့နေ့ကျွေးမယ် လာစား" လို့ပြောထားပါသေးတယ်။

နေခြည်ဦးက မြန်မာနိုင်ငံရဲ့ Hot အဖြစ်ဆုံးမင်းသမီးတွေထဲက တစ်ဦး ဆိုလည်းမမှားပါဘူး ။ သူမက အရမ်းခေတ်ဆန်တဲ့ဖက်ရှင်တွေနဲ့ နာမည်ကြီး သူလေးပါ။

နေခြည်ဦးက 7th Sense Creation မှ ထုတ်လုပ်တဲ့ ရုပ်ရှင်ဇာတ်ကား နှစ်ကား ဖြစ်တဲ့ ဧည့်သည်၊ အခမ်းနားဆုံးမေတ္တာ တို့ကို ရိုက်ကူးထားပြီးပြီ ပဲ ဖြစ်ပါတယ်။ ဆက်လက်ပြီး နေခြည်ဦးက 7th Sense Creation နဲ့ ပူးပေါင်းပြီး အနုပညာလှုပ်ရှားမှု များစွာလုပ်သွားဖို့ ရှိကြောင်းသိရပါတယ်။လက်ရှိမှာ အိပ်မက်တွေမိုးထားတဲ့ အိမ်ရုပ်သံဇာတ်လမ်းတွဲကို မိုရီဆာကီဝင်းတို့နဲ့အတူရိုက်ကူးနေတာဖြစ်သလို သရုပ်ဆောင် ဒေါင်းနဲ့လည်း ရုပ်ရှင်ဇာတ်ကားရိုက်ကူးထားပါတယ်။

နေခြည်ဦးက MNTV နှင့် Myanmar Media 7 တို့ပူးပေါင်းတင်ဆက်မယ့် ဇာတ်လမ်းတွဲဖြစ်တဲ့ "အိပ်မက်တွေမိုးထားတဲ့အိမ် "ဇာတ်လမ်းတွဲကို မိုရီဆာကီဝင်း ၊ချမ်းမင်းရဲထွဋ် ၊အောင်လေး ၊အုပ်စိုးခန့် ၊ညီနန္ဒ ၊ မျိုးစန္ဒီကျော်၊ ရွှေရင်အေး ၊သဲနန္ဒာစိုး၊ မေနွယ်ထွန်း ၊ဝမ်ဝမ်း ၊ကေညီ တို့နဲ့အတူ သရုပ်ဆောင်ထားတာပါ။

နေခြည်ဦး ရဲ့ပုံရိပ်လေးတွေ ကို သဘောကျလိမ့်မယ်ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;nay chi oo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။