ချစ်စနိုးဉီးရဲ့မင်္ဂလာပွဲကို ညီမဖြစ်သူနဲ့အတူ တက်ရောက်ခဲ့တဲ့ ဟိန်းဝေယံ

Posted on - Nov 4 []

Myint Myat

စာရေးသူ

လွန်ခဲ့တဲ့နှစ်တွေကတည်းက ချောမောခန့်ညားတဲ့ မျက်နှာကြောင့် ပရိသတ်တွေရဲ့ အားပေးနှစ်သက်ခြင်းကို အပြည့်မဝရရှိထားတဲ့ မင်းသားချောလေး ဟိန်းဝေယံကတော့ ဒီနေ့ထိတိုင် အောင်မြင်နေတဲ့ မင်းသားတစ်ဉီးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဟိန်းဝေယံက ချစ်ရတဲ့ ညီမလေးနဲ့ အတူ ချစ်စနိုးဉီးရဲ့ မင်္ဂလာညစာစားပွဲကို ခန့်ညာလွန်းစွာ တက်ရောက်ခဲ့တာ တွေ့ရပါတယ်။ ယောက်ျားပီသပြီး ကြည့်ကောင်းလွန်းတဲ့ ဟိန်းဝေယံရဲ့ပုံရိပ်တွေကတော့ အရမ်းကို ချောမောသန့်ပြန့်လွန်းနေတာပါနော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် ချစ်စနိုးဉီးရဲ့မင်္ဂလာပွဲကို ညီမဖြစ်သူနဲ့အတူ တက်ရောက်ခဲ့တဲ့ ဟိန်းဝေယံရဲ့ပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ်နော်။

ဟိန်းဝေယံကတော့ "Ko Phoe Thar & Ma Chit Sa Noe Oo’s Wedding dinner With my sis.." ဆိုပြီး ချစ်စနိုးဉီးရဲ့မင်္ဂလာညစာစားပွဲကို ညီမဖြစ်သူနဲ့ တက်ရောက်ခဲ့တဲ့ ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်

ဟိန်းဝေယံရဲ့ညီမလေးက အချောလေးနော်

ဟိန်းဝေယံကတော့ လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ဖြစ်နေတာ တွေ့ရပြီး၊ ရုပ်ရှင်တွေလည်း ရိုက်ကူးဖြစ်နေတာပါ။ အလှူအတန်းဆိုလည်း ဝါသနာပါတဲ့ ဟိန်းဝေယံကတော့ မကြာခဏဆိုသလိုလည်း အလှူအတန်းတွေ ဆက်တိုက်ပြုလုပ်တတ်သူတစ်ဉီးပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း တစ်နေ့တစ်ခြား ပိုပိုကြည့်ကောင်းလာတဲ့ မင်းသားချော ဟိန်းဝေယံကိုကြွေရင် share သွားကြဖို့ မ​မေ့ပါနဲ့နော်။

Myint Myat
Source:Hei Wai Yan's Facebook
Photo:Nay Min Tun

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။