လမ်းပတ်တောင်ပွဲကျသွားခဲ့ရတဲ့ 'လီယွန်နယ်ဇူးနယ်ဒို'ရဲ့လက်ဖျားခါချင်စရာ အမိုက်စားစွမ်းဆောင်ရည်

Posted on - Nov 6 []

Gunner Ksr

စာရေးသူ

(၂၁) ရာစုရဲ့ အကောင်းဆုံး ကစားသမားတွေအဖြစ် သတ်မှတ်ခံထားရတဲ့ မက်ဆီနဲ့ စီရော်နယ်ဒိုတို့နှစ်ယောက် ပေါင်းစပ်ထားတဲ့ ကစားသမားကိုပြပါဆိုရင် အဲဒီသူဟာ ချဲလ်ဆီးနောက်ခံလူဇူးမားပဲ ဖြစ်ပါလိမ့်မယ်။ လီယွန်နယ်ဇူးနယ်ဒိုရဲ့ စကေးတစ်ခုက နည်းပြလမ်းပတ်ကိုယ်ကိုင်တောင် သဘောမကျဘဲမနေနိုင်လောက်တဲ့အထိပါပဲ။ ချဲလ်ဆီးနဲ့ အေဂျက်ဇ်တို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကတော့ တကယ့်ကို အကြိတ်အနယ်ရှိစွာနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။

တိုက်စစ်အားသန်တဲ့ အသင်းနှစ်သင်းရဲ့ တွေ့ဆုံမှုဖြစ်လို့ ဒီပွဲစဉ်ဟာ တကယ့်ကို အကြိတ်အနယ်ရှိကာ ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပြီး ပရိသတ်တွေကို ဖျော်ဖြေမှုရသအပြည့်ပေးစွမ်းခဲ့ပါတယ်။ ပွဲပြီးဆုံးချိန်မှာတော့ တစ်ဖက် (၄) ဂိုးစီနဲ့ သရေကျသွားခဲ့တာပါ။

ဖျော်ဖြေမှုရသ အပြည့်ပေးစွမ်းနိုင်ခဲ့တဲ့ဒီပွဲစဉ်မှာ ချဲလ်ဆီးနောက်ခံလူဇူးမားရဲ့စွမ်းဆောင်ရည်တစ်ခုကလည်း ကြည့်ရှုသူပရိသတ်တွေအားလုံးကို သဘောကျစရာဖြစ်ခဲ့ရပါတယ်။ ဇူးမားဟာ မက်ဆီရဲ့ဆွဲပြေးမှုအတိုင်း အေဂျက်ဇ်ကစားသမားတွေအားလုံးကို ကျော်ဖြတ်ကာ နောက်တန်းကနေ တိုက်စစ်အထိ တောက်လျှောက်ဆွဲပြေးလာခဲ့တာပါ။

နောက်ဆုံးမှာတော့ ဇူးမားဟာ စီရော်နယ်ဒိုစတိုင်အတိုင်း ခြေယောင်ပြကာ ကန်သွင်းယူသွားခဲ့တာပါ။ ဇူးမားရဲ့အဲဒီစကေးကို မြင်တွေ့ပြီးနောက်မှာ ချဲလ်ဆီးနည်းပြလမ်းပတ်ကိုယ်တိုင်တောင် သဘောကျခဲ့ကြပြီး ပရိသတ်တွေကတော့ လီယွန်နယ်ဇူးနယ်ဒိုလို့ တံဆိပ်ကပ်ခဲ့ကြပါတယ်။

ဇူးမားရဲ့အမိုက်စားစွမ်းဆောင်ရည်

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။