ပရိသတ်တွေ ချစ်မဝဖြစ်နေကြတဲ့ ဝါဆိုမိုးဦးရဲ့ညီမလေး သင်ဇာရဲ့ပွဲတက်ပုံရိပ်တွေ

Posted on - Nov 7 []

Myint Myat

စာရေးသူ

အဆိုတော် သရုပ်ဆောင် ဝါဆိုမိုးဦးရဲ့ချစ်စရာ ညီမလေး သင်ဇာကတော့ တစ်မူထူးခြားတဲ့ ရုပ်ရည်နဲ့ နုပျိုလန်းဆန်းတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတာမို့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားသူလေးပါ။ လတ်တလောမှာတော့ သင်ဇာလေးက "ရိုးမပေါ်ကျတဲ့မျက်ရည်" ပွဲလေးတတ်တုန်းက ရိုးရိုးရှင်းရှင်းဖက်ရှင်လေးနဲ့ ပွဲတက်ခဲ့တဲ့ သူမရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ရိုးရိုးရှင်းရှင်း အဖြူရောင်လေးနဲ့ လှချင်တိုင်းလှနေတဲ့ သင်ဇာရဲ့ပုံရိပ်လေးတွေကတော့ အရမ်းကို ချစ်ဖို့ကောင်းလွန်းနေတာပါ။

မိုမိုလေးချစ်ပရိသတ်တွေအတွက် တော်ဝင်မင်းသမီးလေးတစ်ပါးလို လှရက်လွန်းတဲ့ ချစ်စရာကောင်မလေး သင်ဇာရဲ့ပွဲတက်ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

သင်ဇာကတော့ "Retro style လေးနဲ့😉♥️ "ရိုးမပေါ်ကျတဲ့မျက်ရည်" ပွဲလေးတတ်တုန်းက အရမ်းစိတ်ဝင်စားပြီးကြည့်လို့ကောင်းတဲ့ရုပ်ရှင်ကားလေးပါ 🎉congratulations 🎈 " ဆိုပြီး လှရက်လွန်းတဲ့ သူမရဲ့ပွဲတက်ပုံရိပ်တစ်ချို့ကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။ ရှေးခေတ်က ပုံစံမျိုးကိုပဲ အနည်းငယ်ဆန်းထားတဲ့ ဖက်ရှင်လေးကိုဝတ်ဆင်ပြီး သင်ဇာတစ်ယောက် အရမ်းကို လှနေတာပါနော်။

လှချက်ကတော့ တကယ့် တော်ဝင်မင်းသမီးလေး တစ်ပါးလိုပဲနော်...။

ဝါဆိုမိုးဦးရဲ့ဝမ်းကွဲညီမလေး သင်ဇာကတော့ လက်ရှိမှာ ကျောင်းတက်နေဆဲဖြစ်ပြီး၊ သူမဝါသနာပါတဲ့ အနုပညာအလုပ်တွေလည်း လုပ်ဖြစ်နေတယ်လို့ သိရပါတယ်။ အွန်လိုင်းပေါ်ကနေ စတင်နာမည်ကြီးလာတဲ့ သူမကတော့ အခုဆိုရင် အနုပညာရှင်တစ်ဦးအနေနဲ့ အလုပ်တွေ လုပ်နေရပြီပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း တော်ဝင်မင်းသမီးလေး သင်ဇာ့ကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Photo:Paing Thaw

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။