ကင်ဆာရောဂါကို ကြံ့ကြံ့ခိုင်တွန်းလှန်ပြီးနောက် ဇာတ်ကားတွေပြန်လည်ရိုက်ကူးတော့မယ့် Kim Woo Bin

Posted on - Nov 7 []

Mia Zin

စာရေးသူ

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော် ထိပ်တန်းမင်းသားတစ်လက်ဖြစ်တဲ့ Kim Woo Bin ဟာဆိုရင် လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကာလတုန်းက စတင်တွေ့ရှိခဲ့တဲ့ Nasopharyngeal လို့အမည်ရတဲ့ ကင်ဆာရောဂါတစ်မျိုးကြောင့် ရိုက်ကူးရေးတွေအကုန်လုံးကို ရပ်နားခဲ့ပြီး အဆိုပါကင်ဆာရောဂါကိုပဲ တစ်စိုက်မတ်မတ် သေချာအချိန်ပေးပြီး ကုသခဲ့ပါတယ်။

Kim Woo Bin ရင်ဆိုင်ခံစားခဲ့ရတဲ့ ကင်ဆာရောဂါဟာဆိုရင် အလွန်ရှားပါးတဲ့ကင်ဆာရောဂါတစ်မျိုးဖြစ်တာကြောင့် ပရိသတ်တွေကလည်း သူတို့ကြိုက်နှစ်သက်တဲ့ ကျန်းမာရေးအခြေအနေကို အလွန်အမင်းစိတ်ပူခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ဆေးကုသမှုကို သေချာခံယူခဲ့တဲ့အတွက် သူ့ရဲ့ ကျန်းမာရေးအခြေအနေက အရင်ကထက်ပိုမိုသက်သာလာခဲ့ပါတယ်။

အခုဆိုရင်တော့ သူ ရင်ဆိုင်ခဲ့ရတဲ့ ရောဂါဆိုးကြီးဟာ အရှင်းပျောက်ကင်းသွားပြီဖြစ်တာကြောင့် ၂ နှစ်ကျော်မျှ ရပ်နားခဲ့တဲ့ ရိုက်ကူးရေးတွေကို ပြန်လည်လုပ်ကိုင်တော့မှာ ဖြစ်ပါတယ်။

နောက်ဆုံးရရှိထားတဲ့သတင်းအရကတော့ ကျန်းမာရေးအခြေအနေကြောင့် ရိုက်ကူးရေးတွေ အကုန်လုံးကို ၂ နှစ်ကျော်ရပ်နားခဲ့တဲ့ Kim Woo Bin ဟာ Ryu Jun Yeol, Kim Tae Ri တို့နဲ့အတူ ရုပ်ရှင်ကားကြီးတစ်ကားကို ခေါင်းဆောင်မင်းသားနေရာကနေ ပါဝင်ရိုက်ကူုးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

တကယ်တော့ Kim Woo Bin တစ်ယောက် ရိုက်ကူးရေးတွေပြန်လည်လုပ်ကိုင်တော့မယ်ဆိုတဲ့သတင်းတွေဟာ ပြီးခဲ့တဲ့လပိုင်းလောက်ကတည်းက ထွက်ရှိနေခဲ့တာဖြစ်ပေမယ့်လည်း သူ့ရဲ့ အေဂျင်စီဖြစ်တဲ့ Sidus HQ ကတော့ အဲဒီတုန်းကထွက်ရှိခဲ့တဲ့သတင်းတွေနဲ့ပတ်သတ်ပြီး သေချာတိကျတဲ့ အတည်ပြုချက်တွေ ထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး။

ကင်ဆာရောဂါဆိုးကြီးကို ရင်ဆိုင်တွန်းလှန်ပြီး အဖြူရောင်ပိတ်ကားထက်ကို ပြန်လည်ရောက်ရှိလာတော့မယ့် Kim Woo Bin ကို အားပေးကြဖို့ အဆင်သင့်ပဲလားဗျို့။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။