၂၀၁၉ ခုနှစ်ရဲ့ ပေါ်ပြူလာအဖြစ်ဆုံးသော ကိုရီးယားဒရမ်မာစုံတွဲ (၃) တွဲ

Posted on - Nov 7 []

Mia Zin

စာရေးသူ

နိုဝင်ဘာလ ၄ ရက်နေ့တုန်းက အနုပညာဖျော်ဖြေရေးသတင်းဝက်(ဘ်)ဆိုဒ်တစ်ခုဖြစ်တဲ့ Joy News 24 ကနေပြီးတော့ “Best Drama Couple of 2019” အတွက် ကောက်ယူထားတဲ့ စစ်တမ်းတစ်ခုကို ဖော်ပြပေးခဲ့ပါတယ်။ အောက်တိုဘာလ ၁၅ ရက်နေ့ကနေပြီးတော့ ၂၂ ရက်နေ့အထိ ကောက်ယူရရှိခဲ့တဲ့ စစ်တမ်းအရတော့ အခုဖော်ပြပေးမယ့် ဒရမ်မာစုံတွဲ ၃ တွဲကို ၂၀၁၉ ခုနှစ်ရဲ့ ပေါ်ပြူလာအဖြစ်ဆုံးသော ကိုရီးယားဒရမ်မာစုံတွဲ တွေအဖြစ်နဲ့ ရွေးချယ်ထားတာကို တွေ့ရပါတယ်။

1. Kang Ha Neul and Gong Hyo Jin

ပထမနေရာမှာ ရပ်တည်နေတဲ့ ဒရမ်မာစုံတွဲကတော့ Kang Ha Neul နဲ့ Gong Hyo Jin တို့ဖြစ်ကြပြီး သူတို့ ၂ ဦးဟာဆိုရင် လတ်တလောမှာ KBS2 ရုပ်သံလိုင်းရဲ့ When The Camellia Blooms ဆိုတဲ့ ဇာတ်လမ်းတွဲကို အတူတွဲဖက်ရိုက်ကူးနေကြတာ ဖြစ်ပါတယ်။ Single Mother တစ်ယောက်နဲ့ ရဲအရာရှိတစ်ယောက်တို့ရဲ့ ချစ်ကျွမ်းဝင်တဲ့ပုံစံကို ဇာတ်လမ်းပုံဖော်ထားတာဖြစ်ပြီး အဆိုပါဇာတ်လမ်းတွဲဟာဆိုရင် ကြည့်ဖူးနေကျဇာတ်လမ်းတွေနဲ့ ကွဲထွက်နေတာကြောင့် ပရိသတ်တွေအကြားမှာ လူစိတ်ဝင်စားများနေတယ်လို့ ဆိုလို့ရပါတယ်။

သူတို့ ၂ ဦးဟာဆိုရင် ဇာတ်လမ်းထဲမှာသာမက အပြင်မှာလည်း လိုက်ဖက်ညီကြတဲ့ ဒရမ်မာစုံတွဲတွေဖြစ်ကြပြီး Kang Ha Neul ကိုဆိုရင် Gong Hyo Jin က တွဲဖက်သရုပ်ဆောင်ခဲ့ဖူးတဲ့ မင်းသားတွေထဲမှာ အကောင်းဆုံးမင်းသားတစ်လက်ဖြစ်တယ်လို့တောင် ချီးကျူးထားပါသေးတယ်။

2. IU and Yeo Jin Goo

ဒုတိယနေရာမှာ ရပ်တည်နေတဲ့စုံတွဲကတော့ ၂၀၁၉ ခုနှစ်ရဲ့ လူကြိုက်အများဆုံးဇာတ်လမ်းတွဲတစ်တွဲအဖြစ် စံချိန်တင်ခဲ့တဲ့ Hotel Del Luna ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ကြတဲ့ IU နဲ့ Yeo Jin Goo တို့ စုံတွဲပဲဖြစ်ပါတယ်။ သဘာဝလွန်ဖြစ်ရပ်တွေကို ထည့်သွင်းရိုက်ကူးထားတဲ့ အဆိုပါဇာတ်လမ်းတွဲထဲမှာဆိုရင် အဓိကသရုပ်ဆောင်တွေဖြစ်ကြတဲ့ သူတို့ရဲ့ ၂ ဦးရဲ့ သရုပ်ဆောင်ချက်တွေဟာ အသက်ဝင်လွန်းလှတာမို့လို့ ပရိသတ်တွေရဲ့ ကြိုက်နှစ်သက်အားပေးမှုကို တစ်ခဲနက်ဆိုသလို ရရှိခဲ့ကြပါတယ်။

3. Ahn Jae Hong and Chun Woo Hee

တတိယနေရာမှာ ရှိနေတဲ့စုံတွဲကတော့ Ahn Jae Hong နဲ့ Chun Woo Hee တို့ဖြစ်ပြီး သူတို့ ၂ ဦးကတော့ JTBC ရုပ်သံလိုင်းရဲ့ Be Melodramatic ဆိုတဲ့ ဇာတ်လမ်းတွဲမှာ အတူတွဲဖက်ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ သရုပ်ဆောင် ၂ ဦးလုံးဟာ နာမည်ကြီးထိပ်တန်းတွေမဟုတ်ကြသော်ငြားလည်း တစ်ယောက်နဲ့ တစ်ယောက် အပေးအယူမျှမျှနဲ့ သရုပ်ဆောင်နိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့အကြိုက်နဲ့ ထပ်တူကျခဲ့တယ်လို့ ဆိုလို့ရပါတယ်။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။