စာချုပ်အသစ်ချုပ်ဖို့အတွက် အဆင်မပြေတာကြောင့် YG Entertainment နဲ့ လက်တွဲဖြုတ်လိုက်ပြီဖြစ်တဲ့ CL

Posted on - Nov 7 []

Mia Zin

စာရေးသူ

2NE1 ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်ပြီး လက်ရှိမှာတော့ တစ်ကိုယ်တော်အဖြစ်နဲ့ ရပ်တည်လျှက်ရှိနေတဲ့ CL ဟာဆိုရင် သူမကို မွေးထုတ်တင်မြှောက်ပေးခဲ့တဲ့ YG Entertainment နဲ့ စာချုပ်အသစ်ချုပ်ဆိုဖို့ရာမှာ အဆင်မပြေတာကြောင့် အေဂျင်စီကနေ ထွက်ခွာသွားခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

Sports Today သတင်းဌာနကတော့ YG Entertainmen နဲ့ သူမဟာ စာချုပ်အသစ်ချုပ်ဆိုဖို့အတွက် ဆွေးနွေးခဲ့ပေမယ့်လည်း စာချုပ်ထဲမှာပါဝင်တဲ့ အချက် ၂ ချက်က ညှိနှိုင်းလို့အဆင်မပြေခဲ့တာကြောင့် အေဂျင်စီကနေ ထွက်ခွာဖို့အတွက်ကို ဆုံးဖြတ်ချက်ချခဲ့တာဖြစ်တယ်လို့ ဖော်ပြထားတယ်လို့ ဆိုပါတယ်။

CL ဟာဆိုရင် 2NE1 အဖွဲ့ ဖျက်သိမ်းပြီးချိန်ကတည်းက တစ်ကိုယ်တော်အဖြစ်လှုပ်ရှားဖို့အတွက် YG Entertainment နဲ့ စာချုပ်ကိုဆက်လက်ချုပ်ဆိုခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အမေရိကန်ပြည်ထောင်စုမှာ တစ်ကိုယ်တော်အယ်လ်ဘမ်တစ်ချပ် ထွက်ရှိခဲ့ကာ Tour Concert တွေပြုလုပ်ခဲ့ပြီး အမေရိကားမှာပဲ အနေများခဲ့ပါတယ်။

ဒါ့အပြင် MIXNINE နဲ့ Livin’ The Double Life ဆိုတဲ့ တီဗွီအစီအစဉ်တွေမှာလည်း ပါဝင်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း အယ်လ်ဘမ်ထွက်ရှိပြီးနောက်မှာ တခြားမည်သည့်သီချင်းအသစ်မျှ ထွက်ရှိလာခဲ့ခြင်းတော့ မရှိပါဘူး။

YG Entertainment ရဲ့ လက်အောက်ကနေ သူမ နောက်ဆုံးထွက်ရှိခဲ့တဲ့သီချင်းကတော့ 2NE1 ရဲ့ နှုတ်ဆက်သီချင်းဖြစ်တဲ့ "Goodbye" အမည်ရသီချင်းပါပဲ။ CL ဟာ YG Entertainment ကို အသက် ၁၅ နှစ်အရွယ်မှာ ၀င်ရောက်ခဲ့ပြီး 2NE1 ရဲ့ အဖွဲ့ဝင်အဖြစ်နဲ့ကတော့ ၂၀၀၉ ခုနစ်မှာ စတင်ပွဲထွက်ခဲ့တာ ဖြစ်ပါတယ်။

ပရိသတ်တွေကတော့ CL အခုလိုမျိုး ထွက်ခွာမှုနဲ့ပတ်သတ်ပြီး ဝေဖန်မှုတွေ အမျိုးမျိုးပေးနေကြကာ အများစုကတော့ CL ရဲ့ ဆုံးဖြတ်ချက်က မှန်ကန်ကြောင်း ထောက်ခံထားကြပါတယ်။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။