ဖေဖေဖြစ်သူနေမျိုးအောင်ကို I Phone 11 promax မွေးနေ့လက်ဆောင်ပေးပြီးအံ့ဩစေခဲ့တဲ့ မင်းထိုက်

Posted on - Nov 8 []

Thiha Htun

စာရေးသူ

နေမျိုးအောင်ဟာ ဗီဒီယိုခေတ်ကတည်းက အောင်မြင်ကျော်ကြား လူကြိုက်များခဲ့တဲ့ မင်းသားတစ်ယောက်ဖြစ်ပါတယ်။ သူရဲ့ ပီပြင်လှတဲ့ သရုပ်ဆောင်ချက်တွေနဲ့ အတူ အနုပညာပါရမီပါမှုတွေကြောင့် ပရိသတ်တွေအားပေးလက်ခံကြတာပဲဖြစ်ပါတယ်။ ဇာတ်ကားပေါင်းများစွာ ရိုက်ကူးနေပြီး ဇာတ်ကားတွေထဲမှာ ပီပြင်စွာ သရုပ်ဆောင်မှုတွေကြောင့် သဘာဝမင်းသားကြီးအဖြစ် ပရိတ်သတ်တွေရဲ့ အားပေးမှုရရှိထားသူလည်းဖြစ်ပါတယ်။

နိုဝင်ဘာ ၇ ရက်နေ့က နေမျိုးအောင်ဟာ မွေးနေ့ကျရောက်ခဲ့တာဖြစ်ပြီး ထိုနေ့ညကပဲ မိသားစုနဲ့ အတူမွေးနေ့ပွဲကိုကျင်းပခဲ့တာလည်းဖြစ်ပါတယ်။ မွေးနေ့ပွဲမှာ နေမျိုးအောင်ရဲ့ သားဖြစ်သူမင်းထိုက်က အဖေဖြစ်သူကို မွေးနေ့လက်ဆောင်အဖြစ် I Phone 11 promax ကို လက်ဆောင်ပေးခဲ့တာလည်းဖြစ်ပါတယ်။

သားဖြစ်သူမင်းထိုက်ဟာလည်း အဖေ့သွေးပါသူတစ်ယောက်ပီပီ အနုပညာအလုပ်တွေကိုလုပ်ကိုင်နေတာလည်းတွေ့ရပါတယ်။ နေမျိုးအောင်ဟာ လက်ရှိမှာ သားလေးနှစ်‌ယောက်နဲ့ အတူတူ သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကိုတည်ဆောက်ထားသူလည်းဖြစ်ပါတယ်။

နေမျိုးအောင်ဟာ လက်ရှိမှာလည်း ဇာတ်ကားပေါင်းများစွာရိုက်ကူးနေပြီး တစ်ဖက်မှာလည်း မိသားစုဘဝကို ခိုင်ခိုင်မာမာတည်ဆောက်ထားသူဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေလည်း နိုဝင်ဘာ ၇ နေ့ကကျရောက်ခဲ့တဲ့ သဘာဝမင်းသားကြီးနေမျိုးအောင်မွေးနေ့ အတွက်ဆုတောင်းပေးလိုက်ကြပါအုံးနော်။ အဆုံးထိဖတ်ရှုပေးတဲ့ အတွက် မိုမိုလေးမှကျေးဇူးတင်ရှိပါတယ်။

Ref:Min Htike's FB
Leo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။