နေမာကို ဘာစီလိုနာကစားသမားတွေ လုံးဝအခဲမကျေဖြစ်နေတဲ့အရာကို ဒဲ့ပြောလိုက်ပြီဖြစ်တဲ့ မက်ဆီ

Posted on - Nov 8 []

Gunner Ksr

စာရေးသူ

အမှန်အတိုင်းပြောရရင် ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ဘာစီလိုနာကစားသမားတွေဟာ နေမာကို ပြန်မလာစေချင်ကြဘူးလို့ အသင်းခေါင်းဆောင်မက်ဆီက ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ဖွင့်ဟသွားခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ပီအက်စ်ဂျီတိုက်စစ်မှူးနေမာဟာ အသင်းဟောင်းဘာစီလိုနာကို ပြန်လည်ပြောင်းရွှေ့မယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

နေမာဟာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာချင်တယ်လို့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီအသင်းကလည်း နေမာကို မလိုလားတော့တဲ့အရိပ်အယောင်တွေ ပြသခဲ့တာပါ။ ဒါကြောင့် နေမာဟာ ဘာစီလိုနာကို သေချာပေါက်ရောက်တော့မယ်လို့ အားလုံးက တွေးထင်ခဲ့တာပါ။

အဆုံးသတ်မှာတော့ နေမာဟာ ပီအက်စ်ဂျီအသင်းမှာပဲ ဆက်နေဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက မက်ဆီဦးဆောင်တဲ့ ဘာစီလိုနာကစားသမားတွေဟာ အ၀တ်လဲခန်းအတွင်း နေမာရဲ့ကိစ္စကိုသာ ပြောဆိုခဲ့ကြပြီး နေမာကို ပြန်လာဖို့ မျှော်လင့်ခဲ့ကြတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။

ဒါပေမဲ့ အခုအခါမှာတော့ မက်ဆီဟာ ဘာစီလိုနာကစားသမားတွေဟာ နေမာကို ပြန်မလာစေချင်ဘူးလို့ ဖွင့်ဟသွားခဲ့တာ ဖြစ်ပါတယ်။ "နေမာကို ပြန်ခေါ်နိုင်ဖို့ဆိုတာ တကယ်တော့ ခက်ခဲပါတယ်။ ပထမတစ်ချက် ပြောရရင် ဘာစီလိုနာကနေ သူထွက်သွားတာ ကျွန်တော်တို့ နာကျင်ရတယ်။

ဒုတိယအချက်အနေနဲ့ ဘာကြောင့်ထွက်သွားသလဲဆိုတာ နားမလည်နိုင်ဘူး။ ဘာစီလိုနာကလူတွေကတော့ သူ့ကို အသင်းကို ပြန်မလာစေချင်ဘူး။ နေမာဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက ဆိုပေမယ့် တခြားအရေးကြီးတာတွေ ရှိပါသေးတယ်"လို့ မက်ဆီက ဖွင့်ဟသွားခဲ့တာ ဖြစ်ပါတယ်။

Ref: Daily Mail

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။