ဂျာစီပဲ လက်ဆောင်တောင်းတဲ့ကလေးငယ်ကို အိမ်တစ်လုံးပါဝယ်ပေးခဲ့တဲ့ ဘရာဗိုရဲ့လေးစားစရာစိတ်ဓာတ်

Posted on - Nov 8 []

Gunner Ksr

စာရေးသူ

မန်စီးတီးဂိုးသမားဘရာဗိုကတော့ သူ့ရဲ့မွေးရပ်မြေချီလီက ဒုက္ခသည်မိသားစုတွေအတွက် မွန်မြတ်တဲ့လှူဒါန်းမှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အဲဒါကတော့ ဘရာဗိုဟာ ၂၀၁၇ ခုနှစ်အတွင်း ချီလီနိုင်ငံမှာ တောမီးလောင်မှု ကြောင့် အိမ်ခြေရာမဲ့ဖြစ်သွားခဲ့ရတဲ့မိသားစု (၄) စုအတွက် အိမ်အသစ်တွေဝယ်ပြီး လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။ မန်စီးတီးဂိုးသမားဘရာဗိုရဲ့လေးစားစရားစိတ်ဓာတ်ကို ဒီပုံပြင်မှာ မြင်တွေ့ရမှာဖြစ်ပါတယ်။

ကာမီလိုလို့ အမည်ရတဲ့ အသက် (၉) နှစ်အရွယ် ချီလီချာတိတ်လေးတစ်ဦးဟာ တောမီးလောင်မှုကြောင့် ဒုက္ခရောက်ခဲ့ရသူတွေထဲက တစ်ဦးပါ။ တောမီးလောင်အပြီး သက်ဆိုင်သူတွေက သူ့ကိုလာရောက်တွေ့ဆုံခဲ့ရာမှာတော့ ကာမီလိုက ဘရာဗိုရဲ့လက်မှတ်ထိုးထားတဲ့ဂျာစီတစ်ထည်ကို လိုချင်ကြောင်း တောင်းဆိုခဲ့ပါတယ်။

အဲဒီမှာ တာဝန်သူတွေက ဘရာဗိုနဲ့တွေ့ဆုံကာ အဖြစ်အပျက်အလုံးစုံကို ရှင်းပြခဲ့ရာမှာတော့ ဘရာဗိုကလည်း လိုလိုလားလားနဲ့ သူ့လက်မှတ်ရေးထိုးထားတဲ့ဂျာစီကို လက်ဆောင်ပေးအပ်ခဲ့ပါတယ်။

ဒါတင်မကသေးဘဲ ဘရာဗိုဟာ ချီလီနိုင်ငံအထိ လာရောက်ခဲ့ပြီး ကာမီလိုတို့မိသားစုနဲ့တွေ့ဆုံကာ အဖြစ်အပျက်အလုံးစုံကို မေးမြန်းခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဘရာဗိုဟာ ကာမီလိုရဲ့မိသားစုအပါအ၀င် တောမီးကြောင့် ဒုက္ခရောက်ခဲ့ရသူမိသားစု (၄) စုအတွက် အိမ်အသစ်တွေဝယ်ယူပြီး လှူဒါန်းခဲ့ပါတယ်။

ဒီအကြောင်းအရာအပြည့်အစုံကိုတော့ ကာမီလိုရဲ့အဘိုးဖြစ်သူမီဂွယ်က "မီးလောင်အပြီး အင်းတာဗျူးသူတွေက ကျွန်တော့်မြေးကို မေးမြန်းခဲ့ရာမှာတော့ သူက ဘရာဗိုနဲ့လက်မှတ်ထိုးထားတဲ့ဂျာစီလိုချင်ကြောင်း ပြောခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဘရာဗိုဟာ ဆက်သွယ်လာပြီး ဂျာစီပေးခဲ့ရုံမက အိမ်တစ်လုံးပါဝယ်ပေးခဲ့ပါတယ်။ အစက အိမ်မရှိလို့ ခံစားခဲ့ရပေမယ့် အခုတော့အရာအားလုံးပြည့်စုံလာပါပြီ"လို့ ဖွင့်ဟခဲ့ပါတယ်။ မန်စီးတီးအရန်ခုံမှာ ထိုင်နေရသူ ဘရာဗိုရဲ့ မျိုးချစ်စိတ်နဲ့ မေတ္တာစိတ်ပြည့်ဝမှုကတော့ လေးစားစရာပါပဲ။

Ref: The Sun

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။