ဆာလတ်နဲ့ ရုပ်ချင်းချွတ်စွပ်ဆင်လွန်းတဲ့ လီဗာပူးဝန်ထမ်းဖွင့်ဟခဲ့တဲ့ ဆိုနင့်ဖွယ်စကား

Posted on - Nov 8 []

Gunner Ksr

စာရေးသူ

ပြီးခဲ့တဲ့ နယူးကာဆယ်ကို (၃-၁) ဂိုးနဲ့ အနိုင်ရရှိတဲ့ပွဲအပြီးမှာ လီဗာပူးပရိသတ်တွေဟာ အလွန်အမင်းပျော်ရွှင်ခဲ့ကြတယ်။ သူတို့အသင်းရဲ့ ပေါက်ကွဲအားပြင်းထန်လွန်းတဲ့ခြေစွမ်း၊ ရာနှုန်းပြည့်နိုင်ပွဲမှတ်တမ်းတွေကြားမှာ လီဗာပူးပရိသတ်တွေ ၀မ်းသာလုံးဆို့ခဲ့ကြတယ်။ ဒါကြောင့် ပွဲအပြီးမှာ ကွင်းပြင်ကို သီချင်းလေးတကြော်ကြော်အော်ဟစ်ရင်း ထွက်သွားခဲ့ကြတယ်။ တစ်နေရာအရောက်မှာ လီဗာပူးပရိသတ်တွေဟာ "အထဲဝင်တော့လေ..မိုဆာလတ်" "ဒီနေ့ပွဲမှာ မင်းအရမ်းကောင်းတာပဲ မိုဆာလတ်"လို့ ပြောဆိုခဲ့ကြတယ်။ တကယ်တော့ သူတို့ပြောနေတာ လီဗာပူးရဲ့ဟီးရိုးမိုဆာလတ်မဟုတ်ပါဘူး။

မိုဆာလတ်နဲ့ ရုပ်ချင်းချွတ်စွပ်တူလွန်းတဲ့ မိုဟာမတ်အယ်မတ်လို့ခေါ်တဲ့ လီဗာပူးအသင်းရဲ့ဝန်ထမ်းပဲ ဖြစ်ပါတယ်။ မိုဟာမတ်အယ်မတ်ဟာ အသက် (၃၉) နှစ်အရွယ်ရှိသူဖြစ်ဖြစ်ပြီး လီဗာပူးဟီးရိုးမိုဆာလတ်နဲ့ ရုပ်ရည်၊ အရပ်အမောင်း၊ ဆံပင်ပုံစံအားလုံး ချွတ်စွပ်တူသူပါ။

နောက်ဆုံး အမ်မတ်ဟာ မိုဆာလတ်လိုပဲ အီဂျစ်နိုင်ငံသားပဲ ဖြစ်ပါတယ်။ အမ်မတ်ဟာ ၂၀၁၀ ခုနှစ်ကတည်းက အီဂျစ်ကနေ မာဆေးဆိုက်ဒ်ကို ရွှေ့ပြောင်းလာခဲ့ပြီး လီဗာပူးအသင်းမှာ တာဝန်ထမ်းဆောင်နေတာလည်း ဖြစ်ပါတယ်။ ဆာလတ်နဲ့အထင်မှားပြီး သူ့နဲ့ဓာတ်ပုံအတူတွဲရိုက်ဖို့ တောင်းဆိုသူတွေတောင် ရှိခဲ့တယ်လို့ အယ်မတ်ကဖွင်ဟခဲ့ပါတယ်။ ဆာလတ်နဲ့ သူ့ရဲ့အကြားက အကြောင်းအရာကို ရင်ဖွင့်ပြောဆိုခဲ့ရာမှာတော့ သူ့ရဲ့စကားတွေက ဆိုနင့်စရာဖြစ်ခဲ့ရပါတယ်။

"ကျွန်တော်နဲ့ မိုဆာလတ်တို့ဟာ အီဂျစ်ကနေ လာခဲ့ကြတယ်။ ပြီးတော့ လီဗာပူးမှာ အတူတူအလုပ်လုပ်တယ်။ ဆံပင်ပုံစံချင်းလည်းတူတယ်။ အရပ်အမောင်းချင်းလည်း တူတယ်။ ကျွန်တော်တို့နှစ်ယောက်ရဲ့ တစ်ခုတည်းသော ကွာခြားချက်က လစာပါပဲ"လို့ အယ်မတ်က ဖွင့်ဟသွားခဲ့တာပါ။ အယ်မတ်ဟာ လီဗာပူးပရိသတ်တွေရဲ့ အချစ်တော်တစ်ဦးဖြစ်တယ်လို့လည်း သိရပြီး အန်ဖီးလ်ကွင်းကို ပုံမှန်လာရောက်ကြည့်ရှုနေကျဆိုရင်တော့ အယ်မတ်ကို မသိစရာအကြောင်း မရှိဘူးလို့ လီဗာပူးပရိသတ်တစ်ဦးက ဆိုခဲ့ပါတယ်။

အီဂျစ်က လာခဲ့ကြတယ်။ လီဗာပူးမှာ အတူတူအလုပ်လုပ်တယ်။ ဆံပင်ပုံစံချင်းလည်းတူတယ်။ ဒါပေမဲ့ မိုဆာလတ်ဟာ အီဂျစ်တစ်နိုင်ငံလုံးရဲ့ဟီးရိုး၊ ကမ္ဘာကျော်အမှတ်တံဆိပ်ဖြစ်ပြီး မိုဟာမတ်အယ်မတ်ကတော့ ဆာလတ်တို့ကစားသမားတွေ အဆင်ပြေပြေနေနိုင်အောင် နောက်ကွယ်က ပံ့ပိုးပေးနေရတဲ့ လူမသိ၊ သူမသိ ဘ၀မှာပဲ ပျော်ရွှင်စွာနေထိုင်နေသူတစ်ယောက် ဖြစ်ပါတယ်။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။