စိတ်ဝင်စားမှုမြင့်တက်နေတဲ့ ကမ္ဘာ့အကောင်းဆုံးအသင်းတွေ ရွေးချယ်မှု ထွက်ပေါ်လာခဲ့ပြီဖြစ်

Posted on - Nov 8 []

Gunner Ksr

စာရေးသူ

လက်ရှိကမ္ဘာပေါ်မှာ ဘယ်အသင်းက အကောင်းဆုံးလဲလို့မေးရင် အနည်းငယ်တွေဝေသွားမှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ကာလအပိုင်းအခြားလောက်တုန်းကတောင် ဒီမေးခွန်းက သိပ်ခက်ခဲမယ်မထင်ပါဘူး။ ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့နှစ်ကာလအပိုင်းအခြားအတွင်း ဥရောပမှာ ဘာစီလိုနာ၊ ရီးရဲ၊ ဘိုင်ယန်မြူးနစ် စတဲ့အသင်းတွေကပဲ လွှမ်းမိုးထာတာကြောင့် ဒီအသင်းတွေကို ကျော်လွှားနိုင်တဲ့အသင်း မရှိခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ပရီးမီးယားလိဂ်ကလပ်တွေရဲ့ ခေါင်းထောင်လာမှု၊ စီရော်နယ်ဒိုနဲ့အတူ ဂျူဗင်တပ်ရဲ့ပါဝါ၊ ပီအက်စ်ဂျီတို့ကြောင့် လက်ရှိဘောလုံးလောကမှာ ပြိုင်ဆိုင်မှု ပြင်းထန်လာပြီး အကောင်းဆုံးအသင်းကို ရွေးချယ်ရပိုမို ခက်ခဲသွားခဲ့ပါတယ်။

ဒီအခြေအနေမှာ ဘောလုံးရေးရာ အချက်အလက်တွေကို မှတ်တမ်းရေးထိုးပြုစုနေတဲ့ FiveThirtyEight ကမ္ဘာ့အကောင်းဆုံအသင်းကို စစ်တမ်းနဲ့အတကွ ဖော်ပြခဲ့ရာမှာတော့ အားလုံးစိတ်ဝင်စားစရာဖြစ်ခဲ့ရပါတယ်။
ထွက်ပေါ်လာတဲ့ စစ်တမ်းအချက်အလက်တွေအရ မန်စီးတီးဟာ ကမ္ဘာ့အကောင်းဆုံးအသင်းဖြစ်တယ်လို့ သိရပါတယ်။ မန်စီးတီးဟာ ဂွါဒီယိုလာရောက်ရှိလာပြီး တန်ခိုးအင်အားပိုမိုကြီးထွားလာကာ ဥရောပထိပ်တန်းအသင်းတစ်သင်းအဖြစ်ကို ရောက်ရှိလာတာပါ။

မန်စီးတီးရဲ့နောက်ဒုတိယနေရာမှာတော့ ဘိုင်ယန်မြူးနစ်က ရပ်တည်နေပါတယ်။ အဲဒီနောက် လီဗာပူးက အဆင့် (၃)၊ ပီအက်စ်ဂျီက အဆင့် (၄) ဘာစီလိုနာက အဆင့် (၅) ၊ ဂျူဗင်တပ်က အဆင့် (၆)၊ ချဲလ်ဆီးက အဆင့် (၇)၊ ရီးရဲက အဆင့် (၈)၊ အက်သလက်တီကိုက အဆင့် (၉) နေရာတို့မှာ ရပ်တည်နေတာပါ။

ပရီးမီးယားလိဂ်ရဲ့နာမည်ကျော် မန်ယူအသင်းကတော့ အဆင့် (၁၅) နေရာမှာ ရပ်တည်နေပြီး အခါးသီးဆုံးမြို့ခံပြိုင်ဘက်နဲ့ တော်တော်လေး အလှမ်းကွာနေတာကြောင့် မန်ယူပရိသတ်တွေအတွက်တော့ ရင်နာစရာလို့ ဆိုရမှာပါ။

ကမ္ဘာ့အကောင်းဆုံးအသင်းတွေရဲ့ အဆင့်အလိုက်ရပ်တည်မှုပြဇယား (၁)

ကမ္ဘာ့အကောင်းဆုံးအသင်းတွေရဲ့ အဆင့်အလိုက် ရပ်တည်မှုပြဇယား (၂)

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။